"ဆူးလ်ဂီ ငါတို့မနက်ဖြန်မနက်စောစော လမ်းလျှောက်ကြရအောင်"
အိပ်ရာသိမ်းနေရင်း အတည်ပေါက်ပြောနေသော
ဆူယောင်းကြောင့် ဆူးလ်ဂီသောက်နေတဲ့ရေတောင်သီးတော့မလို့။
အမြဲအိပ်ရာထနောက်ကျလို့ မနက်စာမစားရတဲ့
ဆူယောင်းက ဘာဆေးများမှားစားမိတာလဲ။
သူသောက်နေကျနွားနို့ဘူးတွေ ရက်လွန်သွားတာများလား။"ဘုရားစူး နင်ကမနက်စောစောထမယ်"
မနက်တိုင်းဆူးလ်ဂီနိုးမှအိပ်ရာထတဲ့သူကလေ။
ဆူးလ်ဂီကိုယ့်နားကိုယ်တောင်မယုံနိုင်။"အင်းဆို"
"လေအခွန်မဆောင်ရတိုင်း မဖြစ်နိုင်တာမပြောစမ်းပါနဲ့ ဆူယောင်းရယ်။ ပါးစပ်ကထွက်တိုင်းလည်း စကားမဟုတ်ဘူး"
"တကယ်ဆို နင်မယုံဘူးလား"
"ပတ်ဆူယောင်းစကား လေးနဲ့စားအကြွင်းသုည
မယုံရတဲ့"အဲ့ဒီအစား ရည်းစားရနေပြီဟုပြောရင်တောင် ဆူးလ်ဂီယုံဦးမည်။သူကို့မယုံတဲ့ဆူးလ်ဂီကုတင်ပေါ်သို့
ဆူယောင်းဆောင့်အောင့်ကာ လာထိုင်သည်။"မနက်ဖြန် တနင်္ဂနွေလေ"
"အဲ့တာငါသိတယ်လေ"
"ငါကမသိဘူးထင်တာ"
ရွဲ့စောင်းကာပြောနေသောဆူယောင်းကို ဆူးလ်ဂီခေါင်းအုံးနဲ့ရိုက်တော့ ရှောင်သည်။
"မနက်ဖြန် ငါတို့မြို့ရဲ့နှစ်စဉ်စုပေါင်းလမ်းလျှောက်ရှိတယ်လေဟာ"
ဆူယောင်းပြောမှ ဆူးလ်ဂီသတိရသည်။ ဆောင်းဦးတောင်ရောက်ပြီပဲ။ ဆောင်း၀င်သည့်ကာလအတွင်းမှာ ဆူးလ်ဂီတို့မြို့လေး၌ နှစ်စဉ်တနင်္ဂနွေနေ့တိုင်းစုပေါင်းလမ်းလျှောက်ကြသည်။ အနည်းဆုံး ၆မိုင်လောက်အထိလျှောက်ကြပြီး လမ်းတစ်လျှောက်၌လည်း စားစရာများ၊သောက်သုံးရေ အစရှိသည်တို့ကိုလည်း ဝေငှသူများ,ပေါများသည်။ ရပ်ကွက်အလိုက်လူစုဝေးကြသလို ကျောင်းအလိုက်၊ တက္ကသိုလ်အလိုက် သက်ဆိုင်ရာတာ၀န်ကျဆရာမများနဲ့ သတ်မှတ်နေရာသို့လူစု၍ သွားကြရသည်။ တစ်နှစ်မှတစ်ခါ ဆောင်းရာသီရောက်မှသာ ပြုလုပ်သောပွဲဖြစ်သောကြောင့် ကလေးငယ်ငယ်လေးများကအစ အိပ်ရေးပျက်သည်ကိုမမှုဘဲ ပျော်ရွှင်စွာလိုက်ပါကြသည်။ မြို့တော်၀န်ကိုယ်တိုင် လူထုနဲ့အတူပါ၀င်လမ်းလျှောက်သောကြောင့်လည်း တစ်မြို့လုံးနီးပါးအတူပါ၀င်ကြသည်။ လမ်းတလျှောက်တွင် သက်ဆိုင်ရာလူများက မဲလိပ်များပေးဝေကြပြီး စုရပ်သို့ပြန်ရောက်လာသည့်အခါ မြို့တော်၀န်ကိုယ်တိုင် ဆုမဲများကိုမဲဖောက်ပေးသည့် အစီအစဉ်ကောင်းတစ်ခုလည်းရှိသည်။ ယခုလိုလုပ်ပေးချင်းကြောင့် မြို့သူမြို့သားများကို တသားတည်းရှိစေပြီး အခွင့်အရေးတန်းတူညီမျှရရှိစေသည်။
![](https://img.wattpad.com/cover/305756267-288-k723800.jpg)
YOU ARE READING
Bring My Soul To The Universe
Fanficဘေးဘီကိုလှည့်ကြည့်ပါဦး ဂျူဟျွန်းရဲ့... ဂျူဟျွန်းကြောင့်ငိုနေတဲ့ပန်းတွေကို တစ်ခါလောက်နှစ်သိမ့်ပေးလှည့်ပါဦးလား။ ချစ်ခြင်းမေတ္တာတွေကို မျက်ကွယ်ပြုထားတာသိပေမဲ့ ပန်းကလေးတွေအပေါ်တော့ မရက်စက်သင့်ပါဘူးကွယ်။