Part - 29 (Z+U)

6.9K 967 22
                                    

🍼 ခွဲစိတ်မှု ရက်ရွှေ့လိုက်ပြီ? |Uni

ပတ်ဝန်းကျင်ရှိ omegaနှင့်betaတို့ဟာ ကြည့်ရှုရန်အသင့်ဖြစ်လို့နေကြသည်။

ချိယွီက သူတို့ကို ‌နေရာနဲ့အချိန်ကို အတိအကျမပြောခဲ့ပေမယ့်လည်း၊ သူမဖုံးကွယ်ထားခဲ့ဘူးဘဲ။ သူဘယ်နေရာကိုသွားပြီး ဘာယူသွားတယ်ဆိုတာကအစ သူတို့အတိုင်းသားမြင်နိုင်နေသည်ဘဲမဟုတ်ပါလား၊၊ ကဖေးနောက်မှာ စုဝေးနေတဲ့ ဒါဇင်ချီတဲ့alphaတွေကို ထည့်မပြောတော့ပါဘူး။တစ်ကယ်ဘဲ ဒီ တောအုပ်ထဲမှာ ဘာတွေဖြစ်လာမှာလဲ?

ဒါပေမယ့်၊အဆုံးမှာတော့ တစ်ကယ့်အဖြစ်အပျက်နဲ့ အင်တာနက်ပေါ်ကအရာတွေဟာ ကွာခြားလှသည်။အကယ်၍ သူတို့သာ အင်တာနက်ပေါ်မှာဆိုလျှင် အောင်ပွဲခံပြီး၊ alphaတွေအကြောင်း ကြိုက်သလိုမန့်လို့ရသော်လည်း ၊ တစ်ကယ့်လက်တွေ့တွင်တော့ ၊ သူတို့အနေနဲ့ alphaတံတိုင်းကြီးကိုတွေ့ရနိုင်သည် ။ သူတို့ Handstand Shampooကို စိတ်ဝင်စားတယ်ဆိုရင်တောင် နှစ်ခါပြန်တွေးကြည့်ရမည်ဖြစ်သည်။ ကြည့်ပါလား ၊ အားလုံးက အဝေးကနေသာ ကြည့်ပြီး ဆွေးနွေးရဲကြတယ်၊ ဘယ်လိုလုပ် alphaတွေ ရှေ့မှာ ထိုင်ကြည့်နိုင်ပါ့မလဲ?

ဒါပေမယ့် အခုတော့...

စုန်ချမ်းက သူ့လက်နှစ်ဖက်ကိုနှုတ်ခမ်းနား ကာထားရင်း စိတ်အားထက်သန်စွာ အော်ပြောလိုက်တယ် : "လာကြ! လာပြီးကြည့်ကြလေ ! ဘယ်လိုဖြစ်ပြီး ထုတ်လွှင့်မှုအတွက် ပရိသတ်မရှိရတာလဲ? မင်းတို့ကြည့်ချင်တယ်ဆိုရင် ငါ့ဆီသာလာခဲ့နော် ! မြန်မြန် ! အတူတူကြည့်ကြမယ် !"

အဝေးကနေ တုံ့ဆိုင်းနေကြတဲ့ omegaနဲ့betaတွေဟာ၊ အချင်းချင်းကြည့်မိသွားကြပြီး သူတို့ရဲ့ မျက်ဝန်းထဲမှာလဲ အလင်း‌ရောင်တစ်ချက် တောက်ပသွားခဲ့တယ်။

သွားကြည့်ရမလား? မကြည့်ရဘူးလား?

ဒီလို ပြကွက်မျိုးက ရှားတယ်လေ ၊ ငါ ဘယ်လိုလုပ်လက်လွတ်ခံနိုင်ပါ့မလဲ? သို့ပေမယ့် အရှေ့ခုံကတော့ ဆိုးပုံရသည်။ အဆုံးမှာတော့၊ ကျောင်းကနေ ကြည့်ရုံနဲ့မသိနိုင်ဘူး။ နောင်တစ်ချိန်၊ alphaတွေ ပြန်လက်တုံ့ပြန်လာရင် ဘယ်လိုလုပ်ကြမလဲ?

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now