𝟯. 𝗟𝗼𝗻𝗲𝗹𝘆 𝗕𝗼𝘆

216 30 7
                                    

၃။ အထီးကျန်တဲ့ ကောင်လေး

လေးထောင့်ပုံစံရှိသော ခပ်ရှည်ရှည် ထမင်းစား စားပွဲပေါ်မှာ ဆရာဖြစ်တဲ့ နာကာမိုတို ယုတနဲ့ သူ့တပည့်ဖြစ်လာတော့မယ့် ကျောင်းသားသစ်လေး အီမင်ဟျောင်းတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြလေသည်။ အိမ်တော်ထိန်းလာချပေးတဲ့ မနက်စာထမင်းဝိုင်းလေးဟာ မိနစ်ပိုင်းအတွင်း ပြီးပြည့်စုံသွားပြီး လတ်ဆတ်သော ဟင်းခတ်အမွှေးအကြိုင်အနံ့များနဲ့ ဟင်းပန်းကန်များဆီမှ အငွေ့တထောင်းထောင်း ထနေသည်။

သာမာန်ဆို ကျောင်းကို အလောတကြီး သွားရလို့ မနက်စာကို လစ်ဟာခဲ့တဲ့ နေ့ရက်တွေများသလို အရန်သင့်ပေါင်မုန့်လေးတစ်ခုလောက်ပဲ စားနေကြဖြစ်တဲ့ ယုတအတွက် သူဌေးသားလေးအိမ်မှာ နေရမှပဲ ဒီလို အရောင်အသွေးစုံလင်တဲ့ မနက်စာလေးကို မြင်ဖူးတော့သည်။ အမေဖြစ်သူအတွက် ချက်ပြုတ်ပေးခဲ့ရပြီး ကျောင်းမသွားခင် သေချာဂရုစိုက်မှာပေးခဲ့ရတော့ သူ့ရဲ့ မနက်ခင်းတိုင်းဟာ အမြဲ ယောက်ယက်ခတ်လေ့ရှိသည်။ သို့ပေမယ့် ဒီနေ့မှာတော့ ကျယ်ပြန်တဲ့ မွေ့ယာအကောင်းစားကြီးပေါ်ကနေ နိုးထခဲ့ရသလို သူများပြင်ပေးတဲ့ မနက်စာကိုလည်း အဆင်သင့်စားလို့ရနေပြီဖြစ်သည်။

ဆင်းရဲနုံချာခဲ့တဲ့ သူ့ဘဝလေးဟာ နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့ပြီး ရုန်းကန်ကြိုးစားခဲ့ရတဲ့ နေ့ရက်တွေဟာ ကုန်လွန်သွားပြီဟု ထင်ရသည်။ အိမ်တော်ထိန်းဟာ မင်ဟျောင်းစားဖို့နဲ့ သူစားဖို့အတွက်ကို ကျကျနန သပ်ရပ်သန့်ရှင်းစွာ ပြင်ဆင်ပေးလာသည်။

"ဆရာ.. သုံးဆောင်ပါဦးရှင့်.. အဆင်မပြေတာ တစ်ခုခုရှိရင် ကျွန်မကို ပြောပါနော်.. ဆရာက ဘယ်လိုပုံစံမျိုး ကြိုက်လဲမသိလို့ အဆင်ပြေမယ်ထင်တာလေးကိုပဲ ပြင်ထားပေးတယ်.. နောက်နေ့ ဆရာ စားချင်တာရှိရင် ကျွန်မကို ကြိုပြောလို့ရပါတယ်"

အိမ်တော်ထိန်းဟာ အသက်၅၀ ဝန်းကျင်လောက်ရှိပုံရပြီး ပိန်ရှည်သွယ်လျတဲ့ ခန္ဓာကိုယ်ရှိသည်။ သူမ ဆံပင်တွေက အနည်းငယ်ကောက်ကွေးပြီး မီးခိုရောင်သန်းသည်။ သူနဲ့မင်ဟျောင်းကိုတော့ လိုလေသေးမရှိ ဂရုစိုက်ပြီး သူ့ကိုဆို ရောက်ကတည်းက ချိုသာတဲ့အပြုံးလေးနဲ့ပဲ ပြောဆိုတတ်သည်။ ဒီကလေးဟာ ဒီလို ကောင်းမွန်ထက်မြက်ပြီး သစ္စာရှိတဲ့ အိမ်တော်ထိန်းနဲ့နေရတာ သိပ်ကို ကံကောင်းပါလားဟု ယုတ တွေးမိလိုက်သည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now