𝟱. 𝗧𝗵𝗲 𝗣𝗮𝗶𝗻𝘁𝗶𝗻𝗴𝘀

165 20 3
                                    

၅။ ပန်းချီကားများ




ကောင်းကင်မှာ လခြမ်းကွေးလေးဟာ တရွေ့ရွေ့ ရွေ့လျားပျောက်ကွယ်သွားပြီးနောက် ဆရာ့နောက်ကို တကောက်ကောက်နဲ့ လိုက်နေတဲ့ ကြောင်နက်လေးတို့လည်း သူတို့နေအိမ်ထဲကို ပြန်လည်ရောက်ရှိလာကြသည်။ လမ်းလျှောက်ထွက်ရုံဆိုပေမယ့် မထင်မှတ်တဲ့ ကြောင်လေးတစ်ကောင်နဲ့ တွေ့ပြီး အချိန်လင့်ခဲ့ရသည်။ ဆရာ ယုတ ကိုယ်တိုင်လည်း လေညင်းခံလမ်းလျှောက်ထွက်ရုံလေးမှာ ကြောင်သေတာကို မြင်ခဲ့ရလို့ စိတ်ထဲမှာ နည်းနည်းလေးမှမကောင်း။

သူ့ကြောင့်ဆိုတဲ့ အပြစ်ရှိစိတ်ကြီးကို ပွေ့ပိုက်ပြီး အိမ်ထဲဝင်လာချိန်မှာ ထိန်းမရအောင် ပျက်ယွင်းနေတဲ့ မျက်နှာကို အိမ်တော်ထိန်းက တွေ့သွားသည်။

"ပြန်လာကြပြီလား... မင်ဟျောင်း.. ဆရာ့ကို ဘာတွေ ဂျီကျလာတာလဲ"

"ကျွန်တော် ဘာမှဂျီမကျပါဘူး... ဆရာက သူ့ဘာသာ စိတ်ကောက်နေတာ"

အိမ်တော်ထိန်းမေးတာကို ပြန်ဖြေလိုက်တဲ့ မင်ဟျောင်းရဲ့ စကားကြောင့် ယုတ မျက်နှာငယ်နေရာမှ သူ့ဘက်ကို လှည့်ကြည့်လာသည်။ မျက်လုံးတွေထဲမှာသာ စကားလုံးတွေ ရေးခွင့်ရမယ်ဆိုရင် ယုတ ဒီကလေးကို ဆဲနေလောက်တာ သေချာသည်။ ဆရာတန်မဲ့ ကိုယ့်ဘာသာ စိတ်ကောက်တယ်ပဲ ဖြစ်ရသေးတယ်လေ။

ဒါမှမဟုတ် အိမ်တော်ထိန်းအဒေါ်ကြီးကို သူကြောင်သတ်လိုက်ကြောင်း မပြောချင်လို့လားတော့ မသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဖြစ်တဲ့ သူကပဲ အလျှော့ပေးပြီး မျက်နှာထားကို ပြန်ပြင်လိုက်သည်။

"မင်ဟျောင်းက ဘာမှဂျီမကျပါဘူး... ဒါဆို ကျွန်တော် အနားယူတော့မယ်နော်"

"ဟုတ်ကဲ့ပါ ဆရာ.. ကောင်းသောညလေးဖြစ်ပါစေ"

အိမ်တော်ထိန်းက ခါးကိုင်းပြီး နှုတ်ဆက်လိုက်တဲ့နောက်မှာ ယုတလည်း လှေကားထစ်တွေအပေါ် တက်လာခဲ့သည်။ သူတစ်ယောက်ပဲ တက်လာတာဖြစ်ပြီး အောက်ထပ်မှာ မင်ဟျောင်းနဲ့ အိမ်တော်ထိန်းကြီးကတော့ ကျန်ခဲ့ကြသည်။ လှေကားပေါင်းမြောက်များစွာကို တက်ရတာဖြစ်လို့ သူ့အိပ်ခန်းရှိရာကို အတော်နဲ့မရောက်။ ဒီကြားထဲ စိတ်က လေးလံနေတော့ ခြေလှမ်းတွေကပါ အလိုတူအလိုပါ ဖြစ်နေပုံရသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now