𝟲. 𝗥𝗲𝗱 𝗕𝗹𝗼𝗼𝗱

182 28 14
                                    

၆။ အနီရောင်သွေး


ကြောင်လေးကို သေချာစနစ်တကျ မြုပ်နှံပေးထားတဲ့ ခြံအနောက်ဘက်ကနေ ပြန်လာခဲ့ပြီးနောက်မှာ ဆရာယုတဟာ မျက်နှာမကောင်းလှပဲ ညှိုးငယ်နေခဲ့သည်။ အဖြူရောင်ကြောင်ပေါက်လေး သေသွားရခြင်းကိုလည်း စိတ်ထဲမကောင်းသေးသလို စိတ်ထားနူးညံ့ပြီး ကြင်နာတတ်တဲ့ သူ့တပည့်လေးကို အော်လိုက်မိတာ လွန်သွားပြီလားဆိုတဲ့ အတွေးလေးကလည်း စိုးမိုးနေခဲ့သည်။ သူဝမ်းနည်းနေမှန်းသိလို့ မင်ဟျောင်းက သေချာဂရုတစိုက်နဲ့ ကြောင်လေးကို သူကိုယ်တိုင် မြုပ်နှံပေးထားခဲ့တာမဟုတ်လား။

ယုတလို စိတ်ပျော့ညံ့တဲ့ လူတစ်ယောက်အတွက်တော့ ဘယ်လောက်ပဲ သူ့အရှေ့မှာ ကြောင်တစ်ကောင်လုံးကို သတ်လိုက်တယ်ပြောပြော၊ အခုလို သတိတရနဲ့ မြုပ်နှံပေးထားပြန်တော့လည်း ဒေါသစိတ်တွေက အလိုလိုပယ်ပျောက်ပြီး ကျေးဇူးတင်လာရပြန်သည်။ ယုတက အားနာတတ်တဲ့ လူစားမျိုးဖြစ်သလို သနားကြင်နာတတ်တဲ့ လူလည်းဖြစ်တဲ့အတွက် လူတစ်ယောက်အပေါ်ကို အကြာကြီး ဒေါသထွက်စိတ်ဆိုးနေတာမျိုးမရှိခဲ့ဖူး။

အခုလည်း ရေရှည်လက်တွဲပြီး စာသင်ကြားပြသပေးသွားရမယ့် သူ့တပည့်လေး မင်ဟျောင်းကို ကြာကြာစိတ်မဆိုးခဲ့။ လစာအများကြီးယူထားတဲ့အပြင် ဒီကလေးရဲ့ အပြုအမူယဉ်ကျေးမှုပိုင်းကအစ သူ့တာဝန်ဖြစ်တာကြောင့် ဒီအိမ်မှာပဲ အချိန်တစ်ခုကုန်ဆုံးတဲ့ထိ နေသွားရမှာဖြစ်လို့ သူလုပ်ခဲ့တဲ့ အမှားလေးတစ်ခုအတွက်နဲ့ စိတ်ခုပြီး ဒေါသထွက်နေလို့ ပြဿနာက ပြီးသွားမှာမဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေးက သူစိတ်ပြေအောင် ကြောင်လေးကို မြေမြုပ်ပေးခဲ့သည်မလား။ အနည်းဆုံးတော့ သူလုပ်ခဲ့တဲ့လုပ်ရပ်ကို ပြန်ပြီး တာဝန်ယူခဲ့သေးတာပဲလေ။

ယုတ မျက်နှာမကောင်းပေမယ့် စိတ်ထဲကတော့ ကောင်လေးကို ခွင့်လွှတ်ပြီးသားဖြစ်သည်။ မျက်နှာမကောင်းတာကို ရိပ်မိတဲ့ တပည့်လေးကတော့ သူ့ဆရာက အခုထိ သူ့ကို စိတ်ဆိုးနေတုန်းလို့ ထင်ချင်ထင်နေလိမ့်မှာပေါ့။

အိမ်ထဲကို ပြန်လာကြပြီးနောက် လေသာဆောင်နဲ့တွဲလျက် ဆောက်လုပ်ထားတဲ့ စာသင်တဲ့သီးသန့်အခန်းလေးဆီကို ရောက်လာကြသည်။ အလုပ်နဲ့ စိတ်ခံစားချက်တွေကို ရောယှက်နေလို့်မဖြစ်တာကြောင့် ယုတဟာ မျက်နှာအမူအရာကို ပြင်လိုက်ပြီး ကလေးကို သင်ပေးရမယ့် သင်ခန်းစာတွေအပေါ်ကိုပဲ အာရုံစိုက်လိုက်သည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Tahanan ng mga kuwento. Tumuklas ngayon