𝟭𝟭. 𝗖𝗵𝗶𝗹𝗱𝗵𝗼𝗼𝗱

139 23 4
                                    

၁၁။ ငယ်ဘဝ







ဂျပန်နိုင်ငံ အိုဆာကာမြို့ရဲ့ သံအမတ်ဖြစ်သူဟာ သူ၏ နေအိမ်ရပ်ဝန်းထဲမှာ ငြိမ်းချမ်းစွာ အနားယူလျက် ရှိနေသည်။ ဇနီးဖြစ်သူမှာ ထမင်းစားခန်းတွင် အခိုင်းအစေများအား ညွှန်ကြားအမိန့်ပေးလျက်ရှိပြီး ဆိတ်ငြိမ်တဲ့ ခြံဝန်းထဲမှာ အလုပ်ကြမ်းသမားများဟာ ရှင်းလင်းရေးလုပ်နေကြသည်။ သူတို့ရဲ့ သားငယ်လေးကတော့ သူ့အခန်းထဲမှာ မျိုးစုံသောအရုပ်များနဲ့ ပေပွနေအောင် ဆော့ကစားနေသည်။

အားလုံးကို ခြုံကြည့်ရင် အလွန်အေးချမ်းသာယာတဲ့ မိသားစုလေးဆိုတာ မည်သူမျှမငြင်းတဲ့ အမှန်တရားဖြစ်မည်။ သို့ပေမယ့် ရှုပ်ထွေးတဲ့ အတွင်းရေးအတွင်းရာများဟာ သူတို့ရဲ့ဟန်ဆောင်ထားရတဲ့ စိတ်နှလုံးအား လှုပ်ခတ်စေသည်။ သားသမီးသုံးယောက် ဖွားမြင်ထားတဲ့ မျိုးရိုးဟာ ချမ်းသာကြီးမြတ်တဲ့ ဂုဏ်အရှိန်အဝါရှိလို့ ပညာရေးကအစ ကျန်းမာရေးအဆုံး လိုလေသေးမရှိပေမယ့် လူတွေမမြင်နိုင်မသိနိုင်တဲ့ မိသားစုပြဿနာတွေနဲ့ ရန်သူအများအပြားလည်း ရှိကြသည်။

သံအမတ်ကြီး နာကာမိုတို ဂိုကုဆိုသူမှာ မယားငယ်များစွာရှိပြီး အငယ်အနှောင်းတွေဆီက ခြိမ်းခြောက်အကျပ်ကိုင်ခြင်းနဲ့ ပိုက်ဆံတောင်းရမ်းမှုတွေကို ခံခဲ့ရဖူးသည်။ အပျော်မယားတွေဆီက နောက်ကွယ်ကနေ တိုက်ခိုက်မှုတွေလည်း ရှိတတ်ပြီး ကြာလာတာနဲ့အမျှ ကိုယ့်လုပ်ရပ်ဟာ ကိုယ့်ကို ပြန်ဒုက္ခပေးတဲ့အထိဖြစ်လာခဲ့သည်။ မယားငယ်တွေထဲက တစ်ယောက်ကို ချစ်မြတ်နိုးလို့ အိမ်ပေါ်ခေါ်တင်ထားခဲ့ပေမယ့် ကိုယ်စိုက်ထားတဲ့အပင်က အဆိပ်ပင်ဖြစ်နေမှန်း သံအမတ်ကြီးဟာ မသိခဲ့။

အချိန်ကြာလာတာနဲ့ လိုအင်လောဘတွေကြောင့် သံအမတ်ဟာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံလာရသည်။ သူ့ကို တကယ်မချစ်ပဲ ချူစားခဲ့တဲ့ မိန်းမကပဲ သူ့ကို ပြန်ဒုက္ခပေးခဲ့သည်။ သူတို့လူတွေနဲ့ ပူးပေါင်းကြံစည်ပြီး စည်းစိမ်မှန်သမျှကို မတရားနည်းဖြင့် သိမ်းယူသည်။ အဆိုးဆုံးထိဖြစ်ခဲ့တာကတော့ သံအမတ်ရဲ့အိမ်ကြီး မီးလောင်ခဲ့စဉ်ကဖြစ်သည်။ တစ်အိမ်လုံးမီးဟုန်းဟုန်းတောက်လောင်လို့ သူတို့အကုန်လုံး ထွက်ပြေးခဲ့ရသည်။ နောက်ဆုံးမှာ လောဘသားကောင်တွေရဲ့ ဆန္ဒအတိုင်း သံအမတ်ကြီးလည်း အသက်ပေးခဲ့ရသည်။ သူတင်မက မိသားစုဝင်တွေဖြစ်တဲ့ သားအကြီးဆုံးနှစ်ယောက်ပါ မီးတွင်းထဲ ပါခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now