𝟭𝟱. 𝗧𝘄𝗶𝗻𝘀

121 21 2
                                    

၁၅။ အမြွှာ



မင်ဟျောင်းဆိုတဲ့ကောင်လေးမှာ သူများကလေးတွေနဲ့မတူတဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိတယ်။ အဲ့ဒီစွမ်းရည်ကလည်း နတ်ဆရာမဖြစ်တဲ့ သူ့အမေဆီက ရခဲ့တဲ့ အမွေတစ်ခုလို့ပဲ ပြောရမှာပေါ့။ မိခင်ဖြစ်သူဟာ အကြားအမြင်ဆရာမ မဟုတ်ပေမယ့်လည်း သူ့ဆီကို အကြားအမြင်လာမေးကြတဲ့သူတွေဆိုတာ မနည်းမနောပါပဲ။ ဟောခဲ့ဖူးတဲ့ အကြောင်းအရာတွေကလည်း မြေကြီးလက်ခတ်မလွဲ မှန်ကန်နေတဲ့အတွက် ဖောက်သည်တွေဆိုတာလည်း အများအပြားရရှိခဲ့ဖူးပါတယ်။

ကလေးမွေးပြီး အဲ့ကလေး မူလတန်းအောင်လို့ အလယ်တန်းစတက်တော့မယ့်အရွယ်ရောက်လာကတည်းက သူ့မှာ ထူးကဲတဲ့စွမ်းအင်လေးတစ်ခုရှိနေတာကို သတိမူမိခဲ့တယ်။ အတန်းဖော်တွေက သူ့ရဲ့ဟောပြောချက်တွေကြောင့် သူ့ကိုကြောက်လန့်တုန်လှုပ်ကြတယ်။ သူများတွေရဲ့လက်ကို စမ်းကိုင်ကြည့်ပြီး တွေးတောလိုက်တာနဲ့ သူ့ခေါင်းထဲမှာ အဲ့ဒီလူရဲ့အတိတ်ကအကြောင်းတွေကို မြင်နေရတတ်တယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝနဲ့ အတိတ်က အဖြစ်အပျက်တွေကို အာရုံထဲခံစားမိနိုင်ခဲ့တယ်။

တဖြည်းဖြည်း အသက်ကြီးလာတော့ လူတွေ သူ့ကိုကြောက်ရွံ့ကြမှုတွေဟာ အရှိန်မြင့်တက်လာခဲ့ကြတယ်။ အသက်အရွယ်နဲ့မှမလိုက် ရက်စက်တတ်တယ်ဆိုပြီး အမည်တွင်ခဲ့တာက ကျောင်းလုံခြုံရေးဦးလေးကြီးရဲ့ နာမကျန်းဖြစ်နေတဲ့ ကြောင်လေးကို ခြေထောက်နဲ့ တက်နင်းပြီး သတ်ဖြတ်ခဲ့စဉ်ကပေါ့။ ဆရာမဆီက အဆူခံရရင်လည်း သူ့အမှားမဟုတ်ဘူးဆိုပြီး ဆရာမမျက်နှာကို မကြောက်မရွံ့ စိုက်ကြည့်ခဲ့ဖူးလို့ ဆရာမကတောင် သူ့ကို ပြန်ကြောက်ရတဲ့အထိပါပဲ။

အဲ့လိုဖြတ်သန်းခဲ့ရတဲ့ အကြောင်းအရာတွေထဲမှာမှ အဆိုးဆုံးသောဖြစ်ရပ်တစ်ခုကတော့ ဒီဇင်ဘာလ ၁၃ရက်နေ့ သူ့မိဘတွေ သေဆုံးကြတဲ့ နေ့မှာပေါ့။ မိဘနှစ်ပါးလုံးဟာ နေမကောင်းလို့ သူတို့အခန်းထဲက ကုတင်မှာ လဲလျောင်းအနားယူနေကြတယ်။ သူ့အဖေအရင်းကတောင် သူတို့လင်မယားရန်ဖြစ်ကြတဲ့အခါတိုင်းမှာ မကောင်းဆိုးဝါးကို မွေးထားတယ်ဆိုပြီးတော့ ထည့်ထည့်ပြောတတ်တာကို မင်ဟျောင်း နားစွန်နားဖျား ကြားခဲ့ဖူးတယ်။ သူ့မိခင်ကတော့ ကိုယ့်အမှားနဲ့ကိုယ်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ သူမကိုယ်သူမပဲ အပြစ်တင်ရှာပါတယ်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Hikayelerin yaşadığı yer. Şimdi keşfedin