𝟭𝟮. 𝗞𝗶𝘀𝘀

152 20 0
                                    

၁၂။ အနမ်း





နာရီသံတစ်ချက်ချက်ဟာ တိတ်ဆိတ်တဲ့ ညအမှောင်မှာ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိနေသည်။ အခန်းငယ်ထဲမှာ အိပ်စက်နေတဲ့ ကလေးဟာ ကျယ်လောင်လွန်းတဲ့ နာရီသံကြောင့် အိပ်စက်မရပဲ လူးလိမ့်လျက်ရှိနေသည်။ ထိုအချိန်မှာ အပြင်ကလာတဲ့ သူ့မိဘတွေရဲ့ အသံဟာ အိပ်မပျော်တဲ့ သူ့ကို တကူးတက နိုးထနေစေစရာပင်မလိုခဲ့။

"တော်ပါတော့... ကလေးတွေ နိုးသွားလိမ့်မယ်"

မိခင်ဖြစ်သူက ခင်ပွန်းသည်နဲ့ စကားများနေဟန်ရှိပြီး ကလေးများ နိုးသွားမည်စိုး၍ ဟန့်တားနေသည်။ သို့သော်လည်း ပို၍ကျယ်လောင်လာတဲ့ အသံတွေနဲ့အတူ ပစ္စည်းများကို ပစ်ပေါက်ရိုက်ခွဲသောအသံများပါ ကြီးစိုးလာသည်။

"ရှင့်ကိုကျွန်မ ပြောနေတယ်လေ.. ကလေးတွေ နိုးသွားလိမ့်မယ်လို့.. တော်ပါတော့.. တောင်းပန်ပါတယ်"

တောင်းပန်တိုးလျှိုးနေသော်လည်း ရန်ပွဲဟာ မရပ်တန့်ပဲ ပိုမိုပြင်းထန်လာကာ သည်းခံနေတဲ့ မိခင်ဖြစ်သူကပါ ဝုန်းဒိုင်းကြဲတော့သည်။

ကုတင်ပေါ်က ကလေးငယ်ဟာ မနေနိုင်တဲ့အဆုံး သူ့အခန်းထဲက ထွက်လာပြီး တားမြစ်ရန်ပြင်ရသည်။ သူထွက်လာတော့ ဘေးချင်းကပ်အခန်းက သူ့ညီလေးကလည်း သူ့နည်းတူ အထဲမှထွက်လာသည်။

ကလေးတွေထွက်လာတာကို မြင်သွားတဲ့ မိဘတွေက ခပ်လှမ်းလှမ်းကနေ ပြေးလာပြီး ချော့ဖို့ပြင်သည်။

"မာ့ခ်နဲ့ မာဗင်.. အထဲဝင်တော့.."

"မာမီတို့က ဒီလောက်ဆူညံနေတာကို.."

မာ့ခ်က စိတ်ပျက်နေဟန်နဲ့ ဝင်ပြောလိုက်တော့ မိခင်ဖြစ်သူက စိတ်ပူသွားသည်။

"ဟုတ်ပါပြီ.. မာမီတို့ ဘာမှမပြောတော့ဘူး.. သားတို့ အိပ်တော့နော်.."

ကလေးနှစ်ယောက်ကို တစ်ယောက်တစ်ခန်းစီ အထဲသို့ပို့ပြီးနောက်မှ ခင်ပွန်းဖြစ်သူအား မျက်ဝန်းများဖြင့် စကားပြောကာ သူမကိုယ်တိုင်လည်း အခန်းရှိရာသို့ ဝင်သွားသည်။

"ငါပြောတယ်မလား.. အဲ့ဒီကောင်က မကောင်းဆိုးဝါးပါလို့.."

ခင်ပွန်းဖြစ်သူဟာ လက်မလျှော့သေးပဲ နောက်ဆုံးအနေနဲ့ အခန်းတံခါးကို ဆောင့်ပိတ်ကာ ထွက်သွားလေ၏။ ဒီညတော့ မိန်းမဖြစ်သူနဲ့ စကားများပြီး ဧည့်ခန်းမှာပဲ အိပ်တော့မယ်ဆိုတာ သေချာနေလေပြီ။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Donde viven las historias. Descúbrelo ahora