𝟳. 𝗣𝗮𝘀𝘁

141 28 3
                                    

၇။ အတိတ်



မှောင်ပိန်းနေတဲ့ အိပ်ခန်းထဲမှာ ငြိမ်သက်စွာ မှေးစက်နေတဲ့ ကလေးငယ်တစ်ယောက်ရှိသည်။ ထိုကလေးငယ်ဟာ မျက်တောင်ရှည်လေးတွေကို ဖြန့်ကျက်ထားပြီး မျက်လုံးလေးမှိတ်ကာ အိပ်စက်အနားယူနေသည်။ သူအိပ်နေတဲ့ အိပ်ခန်းထဲမှာ မီးအလင်းရောင်မရှိပဲ မှောင်မည်းနေပြီး အရာအားလုံးဟာ ဆိတ်ငြိမ်လျက်ရှိနေသည်။

ပက်လက်လေးလှန်ပြီး လက်လေးနှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ကာ အိပ်မောကျနေရာက အောက်ထပ်က အသံတစ်ချို့က အကြားအာရုံကို လာနှောင့်ယှက်နေလို့ အိပ်စက်ခြင်းကမ္ဘာကနေ လက်တွေ့ကမ္ဘာကို ပြန်ရောက်လာခဲ့သည်။ သူ့ခေါင်းလေးကို ဘယ်ညာတိမ်းစောင်းပြီး မျက်လုံးမှိတ်ထားရာက မျက်မှောင်လေးကျုံ့လျက် နားထဲက အသံတွေကို နားစွင့်နေသည်။ ဆူညံမှုက ရပ်တန့်ခြင်းမရှိတော့ အဆက်မပြတ်လာနေတဲ့ အသံတစ်ချို့ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ချိန် ချွေးစေးတွေလည်း ထွက်နေခဲ့သည်။

အိမ်အောက်ကို ဆင်းလာတဲ့တစ်လျှောက်မှာ သူ့ခြေလှမ်းလေးတွေက အလွန်နှေးသည်။ တစ်လှမ်းချင်း စူးစမ်းကာ လျှောက်လာနေရင်း အသံကိုလည်း ဂရုတစိုက်နဲ့ နားစွင့်နေသည်။ သူကြားနေရတဲ့ အသံတွေက သူ့မိဘတွေအိပ်စက်တဲ့ အိပ်ခန်းထဲက လာတာဖြစ်ပြီး နာမကျန်းဖြစ်နေတဲ့ မိဘနှစ်ပါးဆီက ညည်းညူနေတဲ့အသံတွေသာဖြစ်သည်။ ညည်းသံတွေ တဖြည်းဖြည်း ကျယ်လောင်လာချိန် အိပ်ခန်းရှေ့ကို သူ့ခြေလှမ်းလေးတွေ ရပ်တန့်သွားချိန်ဖြစ်သည်။

တံခါးနားကိုကပ်ပြီး အသာလေး နားထောင်တော့လည်း ဘာအသံမှ ကြားရခြင်းမရှိတော့။ ခြေသံတစ်ခုက တံခါးနားကို လျှောက်လာနေတာသာ ကြားလိုက်ရပြီး ကျန်တဲ့ ဘာအသံမှကိုမကြားရ။

ခဏကြာတော့ သူကြားတဲ့ခြေသံလည်း ရပ်တန့်သွားပြီး တံခါးလည်း ပွင့်လာလေပြီ။ ထိုခြေသံပိုင်ရှင်က သူ့ကိုတွေ့တော့ အံ့ဩခြင်းမရှိ စိုက်ကြည့်နေပြီး သူကတော့ မယုံနိုင်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် ပြူးကျယ်စွာကြည့်နေမိသည်။

"မင်း..မင်းဘာလုပ်နေတာလဲ..မာ့ခ်.."

ကောင်လေးက သူ့ကိုအသက်မပါတဲ့ အပြုံးတစ်ခုပေးလာပြီး ပုခုံးကို တွန်းတိုက်ကာ ထွက်သွားသည်။ ထိုညမှာပဲ သူ့မိဘနှစ်ပါးလည်း ဆုံးပါးသွားခဲ့သည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Kde žijí příběhy. Začni objevovat