𝟴. 𝗧𝗵𝗲 𝗩𝗼𝗶𝗰𝗲

150 24 5
                                    

၈။ အသံ

ကြည်လင်သော မှန်ချပ်များမှ လှမ်းမြင်နေရသော ဆောအူလ်မြို့ ညချမ်းသည် တည်ငြိမ်အေးချမ်းကာ လှပသေသပ်သည်။ လူအများစုသွားလာနေကြသလို လျင်မြန်စွာ ဖြတ်သန်းသွားတဲ့ သစ်ပင်အမြင့်ကြီးတွေမှာလည်း စုံလင်သော လမ်းမီးရောင်များအားကိုးနဲ့ ဝင်းဝါတောက်ပနေသည်။ ယုတစီးလာတဲ့ ကားပေါ်မှာ လူအမြောက်အများပါလာပြီး ထိုင်ခုံတိုင်းမှာ လူအပြည့်ဖြစ်သည်။ မတ်တပ်ရပ်စီးရသူများတစ်ချို့လည်း ရှိနေတာက ဒီအချိန်ဟာ ရုံးဆင်း၊ ကျောင်းဆင်းချိန်ဖြစ်သောကြောင့်ပင်ဖြစ်၏။

သာမာန် အညတရယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့အတွက် သူစာသင်ရမယ့်အိမ်ကို ဘတ်စ်ကားနဲ့သာ ပြန်လာရသည်။ အမေဖြစ်သူကို ဂျောင်ဝူးနဲ့ သေချာမှာကြားပြီး စိတ်ချလက်ချထားခဲ့နိုင်တာကြောင့် အရင်ကလောက်တော့ စိတ်ပူစရာသိပ်မရှိတော့။ ဖြစ်နိုင်ရင် တစ်ညလောက်ဖြစ်ဖြစ် အိပ်ချင်ပေမယ့် အလုပ်စည်းကမ်းအရ ထိုအိမ်ကြီးမှာပဲ နေရမယ်ဆိုတဲ့အချက်က ပါနေတော့ အရမ်းနောက်မကျသေးခင် အချိန်မီပြန်လာရသည်။ ညနေစောင်းအချိန်ကို ကျော်လွန်လာပြီး တဖြည်းဖြည်း ညအမှောင်ကို ကူးပြောင်းလာတဲ့ထိ သူ့ခရီးစဉ်ကို မရောက်နိုင်သေး။

မြို့ထဲနဲ့ မြို့ပြင် ကူးလူးသွားလာရတာ အချိန်အများကြီး ယူရသလို ခရီးပန်းလွန်းသည်။ အခုလည်း သူနေတဲ့ မြို့ထဲကနေ သူ့တပည့်လေး အီမင်ဟျောင်းတို့နေတဲ့ မြို့ပြင်က အိမ်အကြီးကြီးဆီကို သွားနေရခြင်းဟာ ညနေစောင်းကနေ ညဘက်ကို ကူးပြောင်းသည်အထိ ခရီးမပေါက်နိုင်သေး။ အန့်ဆယ်ရာကို စောစောပြန်လာမယ်လို့ မှာထားခဲ့သော်လည်း ကျောင်းဆင်း၊ ရုံးဆင်းချိန် မြို့ထဲမှာ ကားတွေ ပြည့်သိပ်ကျပ်နေခဲ့ပြီး အချိန်က အဆမတန် ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဟိုရောက်ရင်တော့ ကားပိတ်တာကို အကြောင်းပြချက်ပေးပြီး တောင်းပန်ရပေတော့မည်။

ဂျောင်ဝူးနဲ့ ကော်ဖီဆိုင်မှာ အတူထိုင်ပြီး စကားပြောခဲ့ကြစဉ်က သိခဲ့ရတဲ့ သူ့တပည့်လေးရဲ့အကြောင်းတွေဟာ ထူးဆန်းအံ့ဩဖွယ်ရာကောင်းသည်။ စိတ်ဝင်စားစရာတွေပေးနေပေမယ့် တစ်ပြိုင်တည်းမှာပဲ ထိတ်လန့်စရာကောင်းလွန်းသည်။ ဒီအကောင်သေးသေးလေးက အဆိပ်ပြင်းတဲ့ မိစ္ဆာတစ်ကောင်လို သူများတွေကို ရန်လိုပြီး အေးစက်စက်ပြုမူတတ်သည်တဲ့။ အပြင်ပတ်ဝန်းကျင်က လူမှုလောကမှာ ဘယ်လိုမှ ဘောင်မဝင်ပဲ ပြဿနာအမြဲရှာတတ်သည်တဲ့။ သူ့ရဲ့ အပြုအမူတွေက ထူးဆန်းလွန်းလို့ လူတွေက သူ့ကို ကြောက်ကြသည်တဲ့။ အဲ့ဒါတွေအားလုံးက ဘာလို့များ သူ့ရှေ့မှာ ကွဲပြားနေရသလဲ။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Hikayelerin yaşadığı yer. Şimdi keşfedin