𝟭𝟲. 𝗦𝘁𝗼𝗿𝘆

87 17 0
                                    

၁၆။ ပုံပြင်





အဆုံးသတ်က ဆရာ့လက်ထဲမှာ...
.
.
.
.

နားစည်ထဲကို ထိုးဖောက်ကြားယောင်လာသည့် ခပ်တိုးတိုးအသံလေးဟာ ပုံပြင်လေးရဲ့ အဆုံးသတ်ကို မပြောပြခဲ့ပဲ နှုတ်ခမ်းသားများကို သိမ်းပိုက်သွားသော ကောင်လေးဆီမှဖြစ်သည်။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပုံပြင်ပြောပြခဲ့တဲ့ညလေးမှာ မင်ဟျောင်းပြောခဲ့တဲ့ နားလည်ရခက်ပြီး ဆန်းကြယ်သောပုံပြင်လေးရဲ့ အဆုံးသတ်ပင်ဖြစ်သည်။ ထိုစကားလေးကိုပြောနေစဉ် ကောင်လေးရဲ့နှုတ်ခမ်းလေးတွေဟာ ထူးထူးခြားခြား သိပ်ကိုအရောင်လက်နေခဲ့သည်။ ဒီထက်ပိုပြီး ထူးခြားအံ့ဩဖွယ်ရာလေးက ပုံပြင်ထဲကအကြောင်းအရာတွေက သူ့ငယ်ဘဝကို ပုံဖော်ညွှန်းဆိုပြနေသလိုပင်။ ကွက်တိမှန်ကန်တယ်ဆိုတာတောင် ဒီလောက်ထိ တိကျနိုင်မှာမဟုတ်။

အဲ့ညက သူပြောပြခဲ့တဲ့ ပုံပြင်လေးကတော့ ငယ်ငယ်တုန်းက မိခင်ဖြစ်သူဆီက ကြားခဲ့ဖူးသောပုံပြင်လေးပင်ဖြစ်သည်။ ပုံပြင်ကိုနားထောင်ခဲ့ရတုန်းက အသက်ငယ်သေးတယ်ဆိုပေမယ့်လည်း အကြောင်းအရာတွေဟာ အံ့အားသင့်ဖွယ်ကောင်းပြီး တစ်ချိန်တည်းမှာပဲ ဝမ်းနည်းစရာကောင်းနေခဲ့တာကြောင့် အခုချိန်ထိ သူ့ဦးနှောက်ထဲမှာ အမှတ်ရနေခဲ့ခြင်းဖြစ်သည်။ ထိုညက အိပ်မပျော်လို့ဆိုပြီး ဂျီကျနေခဲ့တဲ့ ကလေးငယ်ကို သူ့အလိုကျပုံပြင်ပြောပြခဲ့ရတော့ ပုံမပြောပြတတ်တဲ့ သူ့လိုခပ်တုံးတုံးလူဟာ ငယ်စဉ်က သူ့မိခင်ဆီက ကြားဖူးတဲ့ သနားစရာပုံပြင်လေးကိုပဲ ပြောပြဖြစ်ခဲ့သည်။

မိခင်ဆီက ကြားခဲ့ရတုန်းကတော့ ယုံတမ်းပုံပြင်တစ်ပုဒ်ဆိုတာထက် တကယ့်ဖြစ်ရပ်မှန်ကို နားထောင်နေရသလို မျိုးစုံသောခံစားချက်တွေကို ရရှိခဲ့သည်။ မိခင်ဟာတော့ ထိုအကြောင်းအရာတွေကို ပြောပြနေချိန်မှာ မျက်ဝန်းတွေဟာ ဖတ်ရခက်ပြီး အဓိပ္ပာယ်မကောက်နိုင်တဲ့ မျက်နှာထားမျိုးနဲ့ဖြစ်သည်။ ငယ်သေးလို့ နားမလည်တာလားဆိုတာထက် မိခင်ရဲ့မျက်ဝန်းတွေထဲမှာ နာကျည်းဝမ်းနည်းရိပ်တွေ ပြေးလွှားကူးခတ်နေသလို မြင်တွေ့ခဲ့ရသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now