အထက်တန်းကျောင်း ပထမနှစ်ရဲ့ ပထမဆုံး ကျောင်းတက်ရက်...
ကျောင်းခန်းရဲ့နောက်ဆုံးမှာ ခေါင်းစွပ်အမဲနဲ့ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ထိုင်နေတဲ့ကောင်လေးကို Park Jihoonကြည့်နေမိသည်။ ဘာကြောင့်လဲ ရေရေရာရာမဟုတ်သော်ငြား ထိုကောင်လေးက သူ့အတွက် စိတ်ဝင်စားစရာကောင်းစေသည်။ ဘယ်သူနဲ့မှ အရောတဝင်မရှိသည့် ပုံစံ။ ချစ်စရာကောင်းသည့် မျက်နှာကလေးကိုသာ မြင်နေရပြီး တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသည့်ပုံစံ။ အရာအားလုံးဟာ လူအများကြားထဲမှ ကွဲထွက်နေသည့် ပုံစံဖြစ်နေပြီး Jihoonကို ပို၍ စိတ်ဝင်စားစေသည်။ သို့သော် သူကြာကြာ မကြည့်လိုက်ရပါ။ ဆရာဝင်လာပြီ။ ထင်ထားသလိုပဲ အထက်တန်းကျောင်းရဲ့ ပထမရက်ဟာ နှစ်တိုင်းလိုပဲ ပျင်းခြောက်ခြောက်နဲ့ ပြီးဆုံးသွားခဲ့တယ်။
Jihoonသည် ကျောပိုးအိတ်လေးကို ပုခုံးပေါ်ချိတ်လိုက်ရင်း အတန်းဆင်းဖို့အပြင်မှာပဲ သူငယ်ချင်းတစ်ယောက်အပြောကြောင့် ကျောင်းသားစည်းဝေးပွဲရှိကြောင်း သိလိုက်ရသည်။
ကျောင်းသားစည်းဝေးပွဲဟာ စိတ်ပျက်စရာကောင်းလောက်အောင် အချိန်တွေအများကြီး ပေးလိုက်ရတယ်။ စည်းဝေးပဲွဲအပြီး Jihoon နာရီကြည့်လိုက်ချိန်မှာ ညနေ၆နာရီ ထိုးနေပြီ။ jihoonဟာ အနည်းငယ်စိတ်ပျက်နေသော်ငြား အပြင်က ဆည်းဆာချိန်ရဲ့ နေရောင်ကြောင့် ပြုံးမိသွားတယ်။ သူအရမ်းသဘောကျတယ်။ လိမ္မော်ရောင်သမ်းတဲ့ ဒီလိုဆည်းဆာချိန်မျိုးတွေကို။ သူက သူ့စက်ဘီးရှိရာသို့ လမ်းလျှောက်သွားရင်း ဆည်းဆာကို ငေးနေမိလို့ထင်တယ် သူ့ကို တစ်စုံတစ်ယောက်က ပြင်းပြင်းထန်ထန် ဝင်တိုက်သွားကြောင်း သိလိုက်ရတယ်။
တစ်ဖက်လူက ခါးကိုကိုင်းလိုက်ရင်း အလျှင်အမြန် တောင်းပန်လာသည်။
"ဂိုမဲ!''
အာ...သူက ဂျပန်လူမျိုးလား?
Jihoonက ချက်ချင်းမတုံ့ပြန်နိုင်သေးခင်မှာတင် ကောင်လေးက ထွက်ပြေးသွားပြီ။ တကယ်ကို တစ်ကိုယ်လုံး ဖုံးကွယ်ထားတာ မျက်နှာလေးတောင် သေချာမမြင်လိုက်ရ။ ဒါ သူမနက်က ကြည့်နေမိတဲ့ကောင်လေး။
YOU ARE READING
Orange (Mashihoon)[uni+zaw]