Junkyuက သူ့ရဲ့အနေွးထည်ကိုပြန်ဝတ်ဖို့ပြင်လိုက်ပြီးမှ ဒီအချိန်ထိ အေးစက်စက်နှင်းတေွက အကျမရပ်သေးတာကိုမြင်လိုက်သိသည့်အခါ Mashihoရဲ့ ရဲရဲနီနေသည့် မျက်နှာကလေးကို လှည့်ကြည့်လိုက်မိသည်။ ဆိုင်ထဲမှာက heaterဖွင့်ထားတာကြောင့် Mashihoရဲ့အသားအရည်က အနည်းငယ်တော့ သက်သာနေပြီဖြစ်ပြီး အပြင်ရောက်တာနဲ့ အေးစက်စက်လေတေွက သူ့မျက်နှာကို ထပ်မံတိုက်ခိုက်လာဦးမည်ဖြစ်သည်။
Junkyuက သူ့ရဲ့အနေွးထည်ကို Mashihoထံ လှမ်းပေးလာသည့်အခါ Mashihoက သက်ပြင်းချသည်။
"အဲ့တာက ဘာလုပ်ဖို့လဲ?"
Junkyuက ခေါင်းကိုကုပ်ရင်း ဖြေသည်။
"အာ... အဲတာ... အဲတာက ငါအရမ်းပူနေလို့!"
Mashihoက အနေွးထည်ကို ကောက်ယူကာ Junkyuရေှ့ပြန်ချပေးလိုက်ပြီး ပြောသည်။
"ငါသိသွားပြီ"
Junkyu - "ဘာသိတာလဲ?"
Mashihoက Junkyuရဲ့ မျက်နှာကို သေချာကြည့်နေရင်းပြောသည်။
"မင်း ခုဏ ငါ့ကိုမေးတာဘာလဲဆိုတာငါသိပြီ"
Junkyu -"....! "
Mashihoက ဆက်ပြောသည်။
"ငါအဲ့အနေွးထည်ထပ်ဝတ်ဖို့မလိုဘူး!"
"....."
"ငါဝတ်ထားတာက သရည်သားမလို့လံုတယ်! မင်းထင်တာက အရမ်းအေးတာကိုငါကမခံနိုင်ဘူးထင်နေတာ... တကယ်တော့ အရမ်းအေးတာကိုမခံနိုင်တာမဟုတ်ဘူး အရမ်းအေးတဲ့လေကိုမခံနိုင်တာ... အေးရံုအေးတာက ငါ့အသားအရည်ကိုမထိခိုက်နိုင်ဘူး အေးနေတဲ့လေကမှ ငါ့ကိုထိခိုက်နိုင်မှာ! "
Junkyuက ပါးစပ်ဟလျှက် ဘာပြောရမှန်းမသိတော့ဘဲ"အာ! "ဟုသာ နှုတ်ခမ်းဖျားက ထွက်ကျလာသည်။
Mashihoက ခေါင်းငံု့ချလိုက်ကာ ပြောလာသည်။
"မင်းသိနေတယ်ပေါ့! မဟုတ်လောက်ဘူး Hoonieလဲ သိနေခဲ့တာဖြစ်နိုင်တယ်! အဲ့ဒီ့နေ့က.... "
Junkyuက Mashihoထံ လက်လှမ်းလိုက်ပေမယ့် Mashihoက နေရာမှထကာ သူ့လက်ကိုရေှာင်သည်။
"မင်းတို့သိနေရင် ဘာလို့ငါ့ကို ဒီလိုဆက်ဆံနေကြတာလဲ?"
Junkyu - "မဟုတ်ဘူး... ငါတို့က"
YOU ARE READING
Orange (Mashihoon)[uni+zaw]