Junkyu အိမ်ထဲခြေလှမ်းလှမ်းချင်းမှာ သူ့ပါးပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်လာတဲ့ လက်တစ်ဖက်က ကြိုဆိုသည်။
''မင်း တစ်ညလုံး ဘယ်တွေသွားနေခဲ့တာလဲ?!!''
Junkyuရဲ့မျက်နှာက တည်တင်းနေပြီး တခြားသူတစ်ယောက်လိုမျိုး။ သူကမျက်တောင်မခပ်ဘဲနှင့် မိခင်ဖြစ်သူကို ပြန်စိုက်ကြည့်နေခဲ့ပြီး တစ်ခွန်းတစ်လေမှ မတုံ့ပြန်ခဲ့ပေ။ နှုတ်ခမ်းနီရဲရဲနှင့် dress ဝတ်ထားတဲ့ သူ့မိခင်က စားသောက်ပွဲတစ်ခုခုကပြန်လာပုံပေါ်ပြီး သူမရဲ့ နုနယ်သွယ်လျသည့် ခြေတံများကို ချိတ်လျှက် ဧည့်ခန်းဆိုဖာ၌ ထိုင်လိုက်သည်။ စီးကရက်ကို ကျွမ်းကျင်စွာ ရှိုက်နေသည့် သူမသည် Junkyuနှင့် လွန်စွာရုပ်ချင်းဆင်တူလှပြီး သိပ်ကိုနုပျိုကာ လှပသည်။
''မင်းမှာ ကြိုးစားချင်စိတ်မရှိဘူးလား?''
Junkyu - ''...''
သူမက တစ်ခွန်းမှမတုံ့ပြန်သည့် Junkyuကြောင့် ဒေါသထွက်လာပြီးသော် ဟက်ကနဲရယ်သည်။
''အိုမို...အိုမို! ဒါကဘယ်လိုအကြည့်လဲ...? မင်းအခု ငါ့ကို ဘယ်လိုအကြည့်နဲ့ ကြည့်နေတာလဲ Kim Junkyu!''
Junkyuဟာ ခေါင်းမာစွာပင် တုတ်တုတ်မျှမလှုပ်။ ထို့ကြောင့် သူမက နေရာမှထလာပြီး Junkyu၏ ကျောပေါ်သို့ စီးကရက်ပြာအချို့ကို ခါချလိုက်သည်။ အတိအကျပြောရလျှင် မီးစအနည်းငယ်ပါသော။ Junkyuက အနည်းငယ်ပူလောင်သွားသည့် ဒဏ်လေးကြောင့် မျက်နှာလေးတောင်မဲ့မသွားပေ။ သူက ထိုသို့ ငြိမ်ခံလေလေ သူမက ပို၍ဒေါသထွက်လာလေလေဖြစ်ပြီး သူမရဲ့လက်ကို ထပ်မြှောက်လိုက်ပြီး ရိုက်ရန်ပြင်သည်။ သို့သော် Junkyuက အရင်ဦးအောင်ဖမ်းကိုင်ထားလိုက်ပြီး သူမကို စိုက်ကြည့်လျှက် လက်ကိုကြမ်းကြမ်းတမ်းတမ်းလွဲဖယ်ပစ်လိုက်ပြီးနောက် တစ်လုံးချင်းပီပီသသ ပြောလာသည်။
''အမေကရော...အမေကရော ဘယ်လောက်တောင် တော်ပြီး လူကောင်းတစ်ယောက်ဖြစ်နေလို့လဲ? အခု အဲ့ဒီ့လူနဲ့ တွေ့လာခဲ့ပြန်ပြီမလား?''
ပြောပြီးသည်နှင့် နေရာမှ ထသွားလိုက်သည်။
''Kim Junkyu! နင် နင်မွေးရကျိုးမနပ်တဲ့ သောက်ကောင်လေး...ငါ့ကိုများ ပြန်ခံလုပ်ရဲတယ်...''
YOU ARE READING
Orange (Mashihoon)[uni+zaw]