Episode (4)

147 32 5
                                    

Mashiho နိုးလာချိန်၌ မျက်လုံးမပွင့်မှီ စပ်ဖျဥ်းဖျဥ်းခံစားချက်ကို အရင်ခံစားရသည်။ သူက မျက်နှာနည်းနည်းလေးတောင်ရှုံ့မသွားပါ။ ကိုယ့်ကြောင့်တစ်ခြားသူစိတ်ပူရမည်မျိုးကို မလိုလားသည်မှာ Mashiho၏ အကျင့်တစ်ခုလိုဖြစ်နေသည်။ မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ သူ့လက်ကိုကိုင်ရင်း ခုတင်ဘေးမှာခေါင်းတင်ပြီးအိပ်နေသည့် သူ့မိခင်ကိုတွေ့ရသည်။ သူ့အတွက် ဖွင့်ထားရသည့် Heater ကြောင့် သူ့မိခင်၏ နဖူးပေါ်၌ စို့တက်နေသည့် ချွေးစအချို့ကို သူအသာလေးသုတ်ဖယ်ပေးလိုက်သည်။ အအိပ်ဆတ်သည့် Mrs. Takata ဟာ ထိုလှုပ်ရှားမှုသေးသေးလေးကြောင့်ပင် ချက်ချင်းနိုးလာခဲ့သည်။

"သားလေး ဘယ်လိုနေသေးလဲ?''

Mashihoက သွားကြီးကြီးလေးတွေပေါ်အောင်ရယ်ပြကာ ခေါင်းခါသည်။

"ဘာမှမဖြစ်တော့ပါဘူး...''

Mrs. Takata က နေရာမှထကာ Mashiho၏ ခေါင်းလေးကို သူမ၏ရင်ခွင်ထဲထည့်ကာဖက်သည်။

"ဂရုစိုက်လေ...နောင်ကို ဒါမျိုးထပ်မဖြစ်စေနဲ့လေ...သား အများကြီး ဂရုစိုက်ဖို့လိုတယ်လေ...''

Mashiho ဘာစကားမှမပြောဘဲ သူ့မိခင်၏ရင်ခွင်ထဲ၌ ငြိမ်သက်နေမိသည်။ သူမှတ်မိနေသည်။ သူလဲမကျသွားခင်က Jihoon ရဲ့ ခေါ်သံ။ ပြီးတော့ သူလဲကျသွားချိန်၌ သူ့ကိုအပြေးလာဖမ်းကာ ပွေ့ဖက်ခဲ့သည့် ရင်ခွင်တစ်ခု။ ယခုမူ Jihoonတစ်ယောက် ဘယ်ဆီဘယ်ဝါရောက်နေမှန်း သူမသိပါ။ မဟုတ်မှ သူသိများသွားတာလား။

Mashihoဟာ စိတ်ထဲမှသာ သက်ပြင်းတစ်ချက်ရှိုက်မိသည်။ Jihoonသာ သူ့အကြောင်းကိုသိပါက တုံ့ပြန်လာမည့်ပုံစံကို သူသိလဲသိချင်သည်။ ဝံ့လဲမဝံရဲပေ။ Jihoonက သူ့ကိုစိတ်ပျက်သွားမလားမသိနိုင်ပါ။ သိလဲမသိချင်ပါ။

"ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား သားလေး''

Mashihoက သူ့ကိုယ်သူထိန်းကာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး....''

သူက အတန်ကြာအောင် ငြိမ်သက်နေပြီးမှ...

"ဟို....''

Mrs. Takata - ''ဘာဖြစ်လို့လဲ?''

Mashihoက ခေါင်းငုံ့လိုက်ကာ ငြိမ်သက်သွားပြန်သည်။

Orange (Mashihoon)[uni+zaw]Où les histoires vivent. Découvrez maintenant