Episode (11)

125 26 0
                                    

Junkyuက ခုံပေါ်ဦးဇောက်ထိုးနေတဲ့ သူ့ခေါင်းကို အတင်းထောင်လိုက်ပြီး Jihoonရဲ့ နှုတ်ခမ်းဝနားရောက်နေသည့် အရက်ခွက်ကို လှမ်းဆွဲသည်။

''Jihoon ya....တော်....တော့! မသောက်နဲ့...တော့! နေ့ခင်းဘက်ကြီးကို...ဘယ်သူ...မှ မမူးကြဘူး......လေ! ''

အမှန်တကယ် နေ့ခင်းကြောင်တောင်ကြီး မူးနေတဲ့သူက Junkyuပါ။ အရက်လေးတစ်ခွက်သောက်ပြီး မှောက်သွားတာက သူပေမယ့် ဘာမှမဖြစ်သေးတဲ့ Jihoonကို သူကစိုးရိမ်တကြီး တားနေရှာသေးတာ။

Jihoonကလဲ သူ့ခွက်သူပြန်လုပြီး Junkyu ကို မျက်စောင်းထိုးသည်။

''တစ်ခွက်တည်းနဲ့ မူးတယ်? အဲ့တာနဲ့များသောက်နေသေးတယ်''

Junkyuက ဆတ်ကနဲ ထိုင်ခိုင်မှာ မတ်မတ်ပြင်ထိုင်လိုက်ပြီး ခေါင်းတွေလည်ထွက်မတတ်ခါကာ ပြောသည်။

''ငါမမူးဘူး...''

ထို့နောက် သူ့ဘာသာထောက်ခံပြီး ခေါင်းပြန်ညိတ်သည်။

''ဟုတ်တယ် မမူးဘူး!''

သူက ''ဟီး''ဆိုပြီး ရယ်လိုက်ကာ Jihoonလက်ထဲကခွက်ကိုယူသောက်သည်။

''ya...ကိုယ့်ခွက်နဲ့ကိုယ်သောက်လေ...''

''အေ့! ဒါငါ့ခွက်''

ထို့နောက် သူ့ခွက်ကိုပါ သူ့ရှေ့ချကာ ဆက်ပြောသည်။

''ဒါလဲငါ့ခွက်!''

Jihoonက ခေါင်းညိတ်ကာ အေးပြီးရော သံယောင်လိုက်ပေးလိုက်သည်။

''အင်းပါ မင်းခွက်!''

Junkyu က ''ဟီး''ကနဲ ရယ်ကာ Jihoonကိုကြည့်သည်။

''Jihoon ya...''

''အင်း''

''Shihoကလေ...''

''အင်း...''

Junkyuက သူ့ကိုယ်သူ လက်ညိုးညွှန်ပြကာ မေးသည်။

''ငါ့ကို စိတ်ဆိုးသွားတာလား?''

Jihoon က အမူးသမားနဲ့ စကားဖက်ပြောမနေချင်တာကြောင့် Junkyuပြောသည့်စကားကိုသာ နားထောင် နေလိုက်သည်။ Junkyuက ဆက်ပြောသည်။

''ဒါမှ....မဟုတ်....မင်းကို..... စိတ်ဆိုးသွားတာလား?''

ထို့နောက် Jihoon၏ မျက်နှာကို လက်နှစ်ဖက်နှင့်ရုတ်တရက်ကြီး ဆွဲယူကာ အနီးကပ်ကြည့်သည်။

Orange (Mashihoon)[uni+zaw]Donde viven las historias. Descúbrelo ahora