Episode (2)

157 37 0
                                    

အတန်းပထမဆုံးနေ့က အတန်းထဲမှာ သီးသန့်လေးဖြစ်နေသည့် Mashihoဟာ ေနာက်တစ်နေ့ ကျောင်းကိုရောက်လာတော့ မထင်မှတ်ဘဲ သူ့စာပွဲမှာ အတန်းဖော် အသစ်တစ်ယောက်ရှိနေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ တစ်ကိုယ်လုံး ဖုံးဖိထားပြီး ချစ်စရာကောင်းသည့် မျက်နှာကလေး၌ အံ့ဩမှုအပြည့်ဖြင့် သူ့ခုံဖော်အား ကြည့်နေမိသည်။ Jihoonသည် အတောက်ပဆုံးပြုံးနေလျှက်...

"မင်္ဂလာပါ Mashi!''

Mashiho - ''....!''

Jihoonက ဆက်ပြောသည်။

"ငါ မင်းရဲ့ ခုံဖော်ဖြစ်လို့ရမလား?''

ဒါက ကျွန်တော်တို့ဇာတ်လမ်းလေးရဲ့ အစဖြစ်ခဲ့ပြီး ဒီလိုဇာတ်လမ်းမျိုးဖြစ်လာမယ်မှန်း သိခဲ့ရင် ကျွန်တော် အဲ့ဒီ့အချိန်ကတည်းက Jihoonieရဲ့ ကမ်းလှမ်းချက်ကို လက်ခံမိလိမ့်မယ် မထင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ လွယ်လွယ်ကူကူပဲ လျှင်လျှင်မြန်မြန်နဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။

ပတမဆုံး သူငယ်ချင်း!

ပထမဆုံး ခုံဖော်!

ပထမဆုံး ပါတနာ!

ကျွန်တော့်ဘဝရဲ့ ပထမဆုံးအရောတဝင်ဖြစ်လာခဲ့သူ!

Jihoonie!

ကျွန်တော်က လူတွေအများကြီးနဲ့ အရောတဝင်မနေပါဘူး။ သူတို့အားလုံး ကျွန်တော့်ရဲ့ အားနည်းချက်ကိုသိသွားမှာ ကျွန်တော်တကယ်ကြောက်ပါတယ်။ ခပ်ကင်းကင်းနေလာခဲ့တဲ့တစ်လျှောက် ဘယ်သူမှလဲ ကျွန်တော့်ကို သိပ်ပြီး အာရုံမစိုက်ကြတော့ဘူး။ ဒီတိုင်းလေးပဲ တစ်ယောက်တည်း ဘဝကိုရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းလာခဲ့ပေမယ့် အဲ့ဒီ့နေ့က Jihoonieရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် မငြင်းဆိုမိခဲ့ဘူး။

အဲ့ဒီ့နောက်မှာ ကျွန်တော်တို့ သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတယ်။ ဂျပန်မှာ အရမ်းအေးတယ်။ ကျွန်တော်က အေးတဲ့အချိန်မှာတိုက်တဲ့ လေညင်းဒဏ်တွေကို မခံနိုင်ပါဘူး။ ညနေစောင်းဆည်းဆာချိန်မှာ တိုက်ခတ်တဲ့လေက အဆိုးဆုံးပါပဲ။ ကျွန်တော့်အသားအရည်တွေက နူးညံ့နေပြီး ပျက်စီးလွယ်တယ်။ လေတိုက်ခံရတာနဲ့ ကွဲအက်ကုန်တယ်။ နေဝင်စ အအေးဓာတ် သိသိသာသာလျော့ကျချိန်မှာ တိုက်ခတ်တဲ့ လေစိမ်းတွေဆိုတာက ကျွန်တော့်တစ်ကိုယ်လုံးကိုတောင် ဖျက်ဆီးပစ်သွားနိုင်ပါတယ်။ အသက်အန္တရာယ်အထိပေါ့။ ဒါက လူတစ်ရာမှာ တစ်ယောက်မရှိတဲ့ ရှားပါးရောဂါတစ်မျိုးပါ။ တစ်ချို့က အဲ့ဒါကို အသားလှရောဂါလို့လဲ ခေါ်ကြတယ်။ ကုသလို့မရပါဘူး။ ဆင်ခြင်နေထိုင်ဖို့ပဲ လိုပါတယ်။ ကျွန်တော် ခုချိန်ထိ ဆည်းဆာချိန်ဆိုတာကို မမြင်ဖူးပါဘူး။ ကျွန်တော် ငယ်ငယ်လေးကတည်းက အိမ်မှာ heaterဖွင့်နေရပြီး အပြင်ထွက်တိုင်း တစ်ကိုယ်လုံးကိုဖုံးဖိထားရတယ်။ လူတွေကပြောကြတယ်။ ဆည်းဆာချိန်က အရမ်းလှတယ်တဲ့။ လိမ္မော်ရောင်တောက်တဲ့ ကောင်းကင်အောက်မှာ တိမ်တွေကအစ ရွှေရောင်သမ်းနေကြတယ်တဲ့လေ။ ကျွန်တော် ဒါမျိုးကို ရုပ်ရှင်တွေမှာပဲ မြင်ဖူးခဲ့တာပါ။

Orange (Mashihoon)[uni+zaw]Dove le storie prendono vita. Scoprilo ora