နှင်းတေွတဖွဲဖွဲကျနေတယ်။ အနေွးထည်အထူကြီးနဲ့ မျက်နှာတစ်ဝက်နီးပါးအုပ်နေအောင် ပတ်ထားတဲ့ မာဖလာနဲ့။ အုပ်ကျနေတဲ့ခေါင်းစွပ်အကြီးကြီးနဲ့။ မျက်နှာတောင် သေချာမမြင်ရတဲ့ Mashihoဟာ Junkyuရဲ့မျက်လံုးထဲမှာ သိပ်ချစ်စရာကောင်းနေတယ်။ သိုးမေွးလက်အိတ်လေးတေွကြောင့် ပိုပြီးနူးညံ့နေတဲ့ သူ့ရဲ့လက်တေွကို မသိမသာလေး ဖယ်ချလိုက်တော့ ရင်ဘတ်ထဲက အောင့်သက်သက်။
Junkyuက ရယ်ပြီး Mashihoရဲ့ပုခံုးကိုဖက်လိုက်သည်။
"အာ.... Shiho ya....! မင်းစတာကလဲ ငါတောင်ရင်ခုန်သွားတယ် ဟားဟားဟား!"
တကယ်ရင်ခုန်သွားတာ...
ဒီလိုအချိန်၊ ဒီလိုနေရာမျိုးမှာ ဒီလိုမျိုး သူတိတ်တိတ်လေး သဘောကျနေတဲ့ကောင်လေးက သူ့ကိုဖွင့်ပြောလာတာလေ။ သူရင်မခုန်ဘူးဆိုရင် ညာရာကျမှာပေါ့။
Mashiho တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ Junkyuက သူ့ကိုစနောက်နေတယ်လို့ တေွးလိုက်ပြန်ပြီ။ တော်သေးတယ်!
တကယ်တော်သေးတာပေါ့!
သူ့ကိုငါသဘောမကျဘူးလို့ ငြင်းလိုက်တာမျိုး၊ သူ့ရဲ့ခံစားချက်အစစ်အမှန်ကိုသိပြီး စိတ်ပျက်သွားတာမျိုးမရှိလို့ တော်သေးတာပေါ့!
Junkyuက ဖယ်ချခံလိုက်ရတဲ့ သူ့လက်သူငံု့ကြည့်နေတဲ့ Mashihoကိုကြည့်နေရင်း ကသိကအောက်နိုင်တဲ့လေထုကို ြဖည်ချဖို့အတွက် ကြိုးစားလိုက်သည်။
"မနက်စာမစားရသေးဘူးမလား? မဟုတ်မှ မင်းငါ့ကို ဝယ်ကေျွးဖို့ခေါ်တာမဟုတ်ဘူးလား?"
Mashihoက သူ့လက်ကို ဘေးသို့ပြန်ချလိုက်ပြီး Junkyuကို ပြောလိုက်သည်။
"မင်းက ငါ့ထက်ပိုက်ဆံရှိတာကို! ငါကဝယ်ကေျွးရမှာလား?"
Junkyuက နှာခေါင်းရံှု့ကာ Mashihoရဲ့ပုခံုးကိုဖက်ထားရာကနေ ခွာလိုက်သည်။
"Mashiho ကပ်စီးကုတ်! ဝယ်မကေျွးရင်လဲ အိမ်ပြန်အိပ်တော့မယ်!"
Mashihoက လက်သီးဆုပ်ကိုထောင်ပြလိုက်သည်။
"မြင်တယ်မလား ပြန်ရဲရင်ပြန်ကြည့်လေ! "
Mashihoက သူ့ကိုလက်သီးပြပြီးခြိမ်းခြောက်နေပေမယ့် သိုးမေွှးလက်အိတ်လေးစွပ်ထားတဲ့ ထိုလက်ကလေးက ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းသည်။
YOU ARE READING
Orange (Mashihoon)[uni+zaw]