Episode (3)

152 32 2
                                    

Jihoonဟာ Mashihoဘာဖြစ်သနည်း လုံးဝမသိပါ။ သို့သော်ငြား တစ်ခုခုဖြစ်မည်ဆိုသည်ကတော့ အလိုလို သိနေသလို။ ဆရာက ခေါင်းစွပ်မရှိတော့သည့် Mashihoကြောင့် ကျေနပ်သွားသည့်ဟန်ရှိသည်။ စာပြန်သင်ရန် ပြင်ဆင်နေသည်။ Jihoonက Mashiho၏ အခက်အခဲကို သူမေးကြည့်ချင်သော်ငြား မည်သို့မေးရမည်မသိ။ စာအုပ်ကိုသာငုံ့ကြည့်နေသည့် Mashihoကို သူခဏခဏလှည့်ကြည့်နေမိသည်။ ခေါင်းလေးငုံ့ပြီး မတုန်မလှုပ်လေး ဖြစ်နေသည့် Mashiရဲ့ ပါးပြင်လေးက တဖြည်းဖြည်း ရဲလာသလိုလို။ စိတ်ထင်၍ပေလား မသိသော်ငြား Mashiho၏ မသိသာသည့် တုန်လှုပ်မှုသေးသေးလေးကိုတော့ သူခံစား၍ ရနိုင်သည်။

ကျွန်တော် တကယ်ပဲသိချင်မိတယ်။ Mashiရဲ့ ဤသို့ထူးဆန်းသည့် ပုံစံဟာ တကယ်ကိုပဲ ဘာအခက်အခဲတွေရှိနေတာများလဲ။ ပြီးတော့...

ဟုတ်တယ်...Mashiက အမြဲတမ်း လက်အိတ်စွပ်ထားသေးတယ်။ ဒါကလဲ ထူးခြားသည့်အချက်တစ်ချက်ပင်။ Jihoonက လေသံတိုးတိုးလေးဖြင့်...

"Mashi!''

Mashihoက သူ့ကို လှည့်မကြည့်။ ထိုအစား သူ့ရဲ့ လက်အိတ်တွေပါတဲ့ လက်နှစ်ဖက်ဖြင့် သူ့ရဲ့ နီရဲနေသည့်ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ရင်း စာကို အာရုံစိုက်နေသည်။ မကြာခင် အတန်းပြီးပြီ။ Jihoonမှာ Mashihoကို ပြောချင်သည့်စကားများ မေးချင်သည့်မေးခွန်းများအများကြီးရှိနေသော်ငြား လက်တွေ့၌ သူဘာမှ ထုတ်မပြောခဲ့ပေ။ ရင်ထဲက မေးခွန်းပေါင်းများစွာကို စိုးရိမ်ပူပန်မေသည့် အကြည့်ကလေးတစ်ချက်ဖြင့်သာ ထုတ်ဖော်ပြနိုင်ခဲ့သည်။ Mashihoသည် သူ့ကို လှည့်ပင်မကြည့်သည်မှာ ဘာကြောင့်နည်း သူမစဥ်းစားတတ်ပါပေ။ Mashihoသည် သူ့ရဲ့ခေါင်းစွပ်ကို ပြန်စွပ်ထားရင်း ကျောက်ရုပ်တစ်ရုပ်လို။

Jihoon၏ ရင်ထဲ၌ ပူလောင်လှပြီ။ Mashiက သူ့ကိုဘာတွေကွယ်ဝှက်ထားပြီး ဘယ်လိုအခက်အခဲတွေရှိနေတာလဲ။ အကြောင်းအရာတိုင်းကို သူသိချင်သည်။ သူတတ်နိုင်သလောက် ကူညီချင်သည်။ သို့သော် သူထုတ်မေးလိုက်သည့်အခါ Mashiအနေနဲ့ ပြန်ဖြေဖို့ရာ ပို၍ခက်ခဲသွားမည်ကိုလဲ စိုးရသည်။

"Mashi!''

Jihoonက Mashiho၏ လက်ကလေးကို ကိုင်ရန်ကြိုးစားလိုက်သော်ငြား Mashihoဆီမှ ရှောင်ရှားခြင်းခံလိုက်ရသည်။ Jihoon ဇွဲမလျှော့ချင်ပါ။ Mashihoက ဆရာကိုကလန်ကဆန်လုပ်မည့် လူစားမျိုးမဟုတ်။ ခေါင်းစွပ်ချွတ်ဆိုလျှင် ချက်ချင်းချွတ်လိုက်မည်ဖြစ်ပြီး ဝတ်ဆိုရင် ဝတ်လိုက်မည့်လူစားမျိုးပင်။ မကြာခင်က ခေါင်းစွပ်ကို လွယ်လွယ်နဲ့မချွတ်ခဲ့ခြင်း၏ နောက်ကွယ်မှာ ကြီးမားသည့် အကြောင်းပြချက်တစ်ခုရှိနေနိုင်ပါသည်။

Orange (Mashihoon)[uni+zaw]Where stories live. Discover now