ကေျာင်းဆင်းချိန်မှာ မထင်မှတ်ထားတဲ့ပြဿနာသေးသေးလေးတစ်ခုဖြစ်လာခဲ့သည်။ အိမ်ကလာမကြိုသေးတဲ့ Junkyuက Mashiho နဲ့ Jihoonကို မုန့်စားဖို့ခေါ်သည်။ တစ်ခါတစ်လေမှ အပြင်ထွက်ရတဲ့ Junkyuကလဲ ရတဲ့အခွင့်အရေးလေးကို အမိအရယူချင်နေခဲ့ပြီး။ Mashiho၌ အကြောင်းပြချက်ကောင်းကောင်းရှိမနေခဲ့ပေ။ Jihoonက သက်ပြင်းတစ်ချက်ချကာ စကားလံုးမရှိဖြစ်နေတဲ့လေထုကို ဖြိုခွင်းလိုက်သည်။
"ငါတို့ နောက်မှ သွားရအောင်"
Junkyu နှင့် Mashihoနှစ်ယောက်လံုး၏ အကြည့်က သူ့ထံသို့ရောက်လာသည်။ Mashiho၏ လျို့ဝှက်စူးစမ်းလိုသည့် ကြောင်အအမျက်ဝန်းတစ်စံုကို လျစ်လျူရှုလိုက်ရင်း စိတ်ကောက်တော့မည့် Junkyuကိုဖြောင့်ဖျလိုက်သည်။
"ငါလုပ်စရာရှိနေတာ အရေးကြီးလို့! "
Junkyuက နှုတ်ခမ်းဆူကာ လက်ပိုက်သည်။
"ငါ့မှာ မင်းတို့ပဲရှိတာ တစ်ခါတစ်လေလေး အပြင်ထွက်ခွင့်ရတာကို...."
မကြာခင် မျက်ရည်ပေါက်ကြီးတေွ အတင်းကိုလုပ်ကျတော့မယ့် Junkyuကို Jihoonကတော့ သိပ်ပြီးအရေးတယူသဘောထားမနေပါဘူး။ ဒါပေမယ့်မနေနိုင်တဲ့ Mashihoက မျက်လွှာချရင်း ပြောလိုက်သည်။
"သွားကြတာပေါ့!"
Junkyuက မျက်လံုးများအရောင်တောက်သွားကာ Jihoonကို လှည့်ကြည့်လိုက်သည်။
"Ya! Park Jihoon... မင်းမလိုက်လို့မရဘူးနော်"
Jihoonက Mashihoတောင်သွားသေးတာ သူကဘာလို့မသွားပဲနေရမှာလဲ။ သူငြင်းခဲ့တာက Mashihoအတွက်ပဲလေ။ သူကMashihoထံသို့ ပဟေဠိဆန်စွာကြည့်လာပြီးနောက် မျက်ခံုးများက ကေွးကျံု့လို့နေသည်။
တကယ်ကို Mashihoရဲ့ပြဿနာက ဘာလဲသိချင်မိသည်။ အတိအကျမသိသော်ငြား ဝေတေဝါးတားတော့ ရိပ်မှန်းမိနေတဲ့ Jihoonက သက်ပြင်းချကာ သူ့ရဲ့အပေါ်ထပ်ကို ချွတ်လိုက်သည်။
ထို့နောက် Mashihoလက်ထဲသို့ ဆတ်ကနဲထိုးထည့်လိုက်သည့်အခါ Mashihoက သူ့ကိုကြောင်တောင်တောင်ကြည့်လာသည်။
Jihoon - "ငါပူလို့ အနေွးထည်ယူထားစမ်းပါ!"
Junkyuက ဘုမသိဘမသိနဲ့ ဝင်ပြောလိုက်သည်။
YOU ARE READING
Orange (Mashihoon)[uni+zaw]