Junkyuသည် Mashihoအား ပုခုံးမှ သိုင်းဖက်လိုက်သည်မှာ တရင်းတနှီး။ သူတို့က အရင်ကတည်းက ရင်းနှီးခဲ့ကြသလိုမျိုး။
''Jihoon yaa...!''
Jihoonသည် ယခုအချိန်၌ ဘာတွေးနေမလဲ Mashihoမစဥ်းစားတတ်ပါ။ Jihoonဟာ ဘာကိုစိတ်မလုံမလဲဖြစ်နေလို့ သူ့ကိုရှောင်ချင်နေရတာလဲ ဆိုတာလဲ သူမသိ။ Junkyuကခေါ်လာသည့်အခါမှာတော့ Jihoonဟာ သူတို့ရှိရာသို့ လှည့်မလာလို့မရတော့ပေ။ Jihoonသည် သူတို့ဆီသို့ လမ်းလျှောက်လာနေပြီး သူ့မျက်ဝန်းများက Junkyuဆီ၌သာ တစိုက်မတ်မတ်ရှိနေပြီး Mashihoအား နည်းနည်းလေးတောင် စောင်းမကြည့်ပါပေ။ သူ့မျက်နှာက တည်တင်းနေသည်ဟုထင်ရသော်ငြား Junkyuကတော့ သတိထားမိပုံမပေါ်ပေ။ Junkyuသည် Mashihoအား ပုခုံးမှသိုင်းဖက်ထားသည်ကို အနည်းငယ်ပိုပြီးတင်းကြပ်ပစ်လိုက်ကာ ဝမ်းသာအားရမိတ်ဆက်ပေးနေသည်။
''ငါ ဒီကိုပြောင်းလာကတည်းက အတန်းပိုင်နေ့တိုင်းမေးမေးနေတဲ့ Mashihoကို မြင်ဖူးချင်နေတာ...Jihoon yaa မင်းနဲ့သိတာ ငါ့ကိုမပြောဘူး ငါမနက်ကတည်းက သတိထားမိေနတာ... Shihoကအနီးကပ်မြင်ရတော့ပိုပြီး ချစ်စရာကောင်းလိုက်တာ...''
Jihoon - ''.....''
Jihoonဘာမှပြန်မပြောဖြစ်ခဲ့။ သို့သော် Junkyuကလည်း ၎င်းကို ဂရုစိုက်မနေပါ။ သူ့ဘက်မှ အပြောသာဖြစ်ပြီး Jihoonဆီမှ ''ဟုတ်တယ်''ဟူသည့် ထောက်ခံစကားကိုလဲ သူစောင့်ဆိုင်းနေခြင်းမရှိ။ သူက Mashihoအား လှည့်ကြည့်ကာ မေးလိုက်သည်။
''မင်း ဟိုရက်က ကျန်းမာရေးသိပ်မကောင်းဘူးကြားတယ်...ခု သက်သာသွားပြီလား? ဘာဖြစ်တာလဲ?''
စကားတစ်ခွန်းမှ ဝင်မပြောသည့် Jihoonက Junkyuအား သတိပေးဟန်ဖြင့် တားလိုက်သည်။
''Junkyu!''
Junkyuက ''ဟင်'' ဟု တစ်ချက်သာပြန်ထူးပြီး Jihoonအား အရေးမလုပ်တော့။ Mashihoက ခေါင်းညိတ်ကာ သူအဆင်ပြေကြောင်း ပြောသည်။
''အာ...အင်း...ငါအဆင်ပြေပါတယ် ဒီတိုင်း အပူဝင်ပြီးဖျားတာ...သက်သာသွားပါပြီ...''
''တော်သေးတာပေါ့...''
ထို့နောက် သူတို့နောက်မှ ကားဟွန်းသံကြောင့် Junkyu ကလှည့်ကြည့်လိုက်ပြီး သူတို့ဆီသို့လှည့်ကာ ပြောသည်။
STAI LEGGENDO
Orange (Mashihoon)[uni+zaw]