Mashihoဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မိခင်ဖြစ်သူကို မလိုအပ်တဲ့မေးခွန်းတေွ ထပ်မမေးတော့ဘူး။ ဒီနေ့လည်း ဖေဖေက အိမ်ပြန်မလာခဲ့ဘူး။ အချိန်တိုင်းအလုပ်လုပ်နေရတယ်ဆိုတဲ့ မျက်ကွယ်က ဖခင်ဖြစ်သူကိုလဲ သူအကြိမ်ကြိမ် သံသယဝင်မိတယ်။
ဖေဖေက တကယ်ရော အလုပ်လုပ်နေရဲ့လား?
"သား ပင်ပန်းနေပြီ နားလိုက်ဦး!"
မေမေကလဲ အမြဲတမ်း ဒီလိုပါပဲ။ ဖေဖေ့ကိုမေးတိုင်း စကားလွှဲပစ်တတ်တယ်။
ကျွန်တော် ဖေဖေ့ကို နောက်ဆံုးအကြိမ်မြင်ခဲ့တုန်းက ကိုရီးယားကိုပြောင်းလာခဲ့ကြတဲ့အဲ့ဒီ့နေ့။ သူန်မှုန်ပြီး ပင်ပန်းတဲ့ မျက်နှာနဲ့ ဖေဖေ။ နေရာအသစ် ပတ်ဝန်းကျင်အသစ်နဲ့ အိမ်အသစ်လေးမှာ တစ်ရက်တောင် မနားပဲနဲ့ ဖေဖေက အလုပ်လုပ်ရပြန်တယ်။ တစ်ရက်မှအိမ်ပြန်မလာခဲ့ဘူး။ ပြန်လာတယ်ဆိုရင်တောင်မှ သူမသိလိုက်တဲ့ အချိန်တေွပဲ ဖြစ်ခဲ့တယ်။
Mashihoဟာ အတေွးလွန်နေတဲ့ သူ့အတေွးတေွကို ဖြတ်လိုက်ပြီး အနားယူချိန်မှာ သူ့ဘေးက ဖုန်းလေးက တုန်ခါသွားတာကြောင့် ဖွင့်ကြည့်လိုက်တယ်။
💌မင်း အဆင်ပြေတယ်မလား? ငါမလာတော့ဘူး.... စောစောအနားယူပြီး ကောင်းကောင်းအိပ်! ဘိုင့်ဘိုင်! 💌
Jihoonဆီက ဝင်လာတဲ့စာတိုလေး!
သူတို့ကအိမ်နီးချင်းတေွမလို့ ပံုမှန်ဆို ပြောစရာရှိရင် Jihoonက သူ့ဆီပြေးရောက်လာတတ်တာ။ ဒီလိုစာတိုပို့တတ်တဲ့အကျင့်မရှိဘူး။
Mashihoက ထူးဆန်းတဲ့ အဲ့ဒီ့စာတိုလေးအတွက်နဲ့ စိတ်သောကမဖြစ်ခဲ့ပါဘူး။ ညနေက Jihoonပြောသွားတဲ့ စကားတေွက ထူးဆန်းနေပေမယ့် စိတ်သောကမဖြစ်ခဲ့ပါဘူး။
အဲ့ဒီ အစားသူက Jihoonieနဲ့ အဆင်ပြေပြေ ပြန်ဖြစ်သွားခဲ့တာကို ပေျာ်နေခဲ့တာ။
ဒါပေမယ့် မနက်ကေျာင်းသွားခါနီးတော့ Jihoonက သူ့ဆီရောက်မလာခဲ့ဘူး။ Mashihoက မနက်စာစားရင်း နာရီတကြည့်ကြည့်လုပ်နေပေမယ့် သူမနက်စာစားမပြီးခင် ရောက်လာတတ်တဲ့ Park Jihoonက ရောက်မလာဘူး။
Mashihoမနက်စာစားပြီးသည်အထိ Jihoonကိုစောင့်နေခဲ့ပေမယ့် Jihoonရောက်မလာဘူး။
VOCÊ ESTÁ LENDO
Orange (Mashihoon)[uni+zaw]