Mashiho နာရီကြည့်လိုက်တော့ ည12နာရီတိတိရှိနေပြီ။ မကြာခင် နောက်တစ်ရက်ရောက်လာတော့မည်။ ရင်ထဲက ပူလောင်မှုက နည်းနည်းလေးတောင် မသက်သာခဲ့ဘူး။ စိတ်ထဲက Jihoonနဲ့ပတ်သတ်တဲ့အတေွးတေွက နည်းနည်းတောင်ဖေျာက်ပစ်လို့မရခဲ့ဘူး။
ဒီလိုနဲ့ပဲ နောက်ထပ် 1နာရီ...
ပြီးတော့ နောက်ထပ် 1နာရီ...
နောက်ထပ်1နာရီ...
ဒီလိုအကြောင်းတေွရှိမယ်ဆိုတာ ကြိုသိခဲ့လို့ အပေါင်းအသင်းဆိုတာမျိုး မထားခဲ့တာ။ Jihoonက သူ့အတွက် အရေးပါပြီး တစ်ဦးတည်းသောခင်တွယ်ရသည့် အဖော်တစ်ယောက်ဖြစ်ခဲ့သည်။
Jihoonက ရင်းနှီးလွယ်ပြီး ခင်တွယ်စရာကောင်းသည့်သူမလို့ သူကခင်တွယ်နေမိတာလား?
အရင်ကလဲ တစ်ယောက်တည်းပဲနေလာခဲ့တဲ့ သူက Jihoonနဲ့ပတ်သတ်ခဲ့ပြီး Jihoonမရှိတဲ့အခါ ဘာလို့ထူးထူးဆန်းဆန်းကြီး အထီးကျန်သလို ခံစားနေရသလဲ?
သူတို့ကြားမှာ စတေွ့ကတည်းက ယခုထိ သူတေွးထားမိသည်က Jihoonက ဖော်ရေွတယ် ကူညီတတ်တယ် ခင်တွယ်စရာကောင်းတယ် သူ့ရဲ့တစ်ဦးတည်းသော အဖော်ဆိုတာဖြစ်တယ်...
Jihoonကို သဘောကျတယ်ဟု ယခုထိမတေွးထားမိခဲ့ဖူးပါပေ။
Mashihoဆိုတဲ့ ကောင်လေးဟာ ချစ်တယ်ဆိုတဲ့ခံစားချက်ကိုမသိပါဘူး
သူက သူ့ရဲ့အားနည်းချက်ကို လျို့ဝှက်ထားရင်း သူ့ရဲ့နှလံုးသားကပါ တိမ်မြုပ်နစ်မွန်းနေခဲ့ရတာကို မသိသလို
တဖက်လူကလည်း အကျိုးအကြောင်းကို ဖြည်းဖြည်းချင်းလေ့လာဖို့မေ့လေျာ့ပြီး အလျင်စလိုနိုင်လွန်းနေတဲ့အခါ...
ဒီလိုနဲ့ပဲ သူတို့ကြားက ဆက်ဆံရေးက အေးခဲနေတော့မှာလား?
တင်းမာနေတော့မှာလား?
မနက်5နာရီခွဲနေပြီ။ Mashihoဟာ တစ်ရေးတောင်မှ မအိပ်ခဲ့ရတဲ့ သူ့မျက်လံုးတေွကို ပွတ်သပ်ကာ မျက်ခံုးနှစ်ဘက်ကြားကို လက်မဖြင့် သံုးလေးချက်ခန့်နိှပ်လိုက်သည်။ ကျိမ်းစပ်နေသည့် မျက်လံုးများက အနည်းငယ်နီရဲနေပြီး အစားစားချင်စိတ်လဲရှိမနေခဲ့ပါ။
YOU ARE READING
Orange (Mashihoon)[uni+zaw]