For Unicode
"ဟေးတို့ဒီမှာ"
ဆယ်နှစ်ကျော်လောက်နေပြီးအခုမှပြန်တွေ့တဲ့အချစ်ဆုံးသူငယ်ချင်းကိုတွေ့တာကြောင့် ဒေါ်ခတ္တာမေတစ်ယောက်အရမ်းကိုပျော်နေပေမဲ့သူ့စတိုင်အတိုင်းခပ်တည်တည်ပင်။ကြွရွသောခြေလှမ်းတွေကိုလှမ်းကာသူငယ်ချင်းဖြစ်သူဆီသွားနေသော သူမ။
"အိုဟို မာနမင်းသမီးကြီးကလည်း ကိုယ့်သူငယ်ချင်းအရင်းကြီးကိုအခုမှပြန်တွေ့တာတောင်တစ်ချက်လေးမှမပြုံးပြဘူးနော်"လို့ ဒေါ်ခတ္တာမေရဲ့လက်မောင်းကိုလှမ်းချိတ်လိုက်ပြီးပြောလိုက်သော ဒေါ်ခတ္တာမေရဲ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူ ဒေါ်မဒီ။
"ဒါတို့စတိုင်ပဲလေကွာ ဘာလဲ မဒီက ငြိုငြင်တာပေါ့"
"မငြိုငြင်ရက်ပါဘူးရှင်ရယ်"
"ဒါဆိုပြီးရော...သွားကြတော့မလား မဒီ"
"အိုခေလေ သွားကြတာပေါ့ ရှင့်ရဲ့ companyကြီးကိုကျမမြင်ချင်လှပြီ"
"အဲ့လောက်ကြီးလည်း တို့ကို အထင်မကြီးသင့်ဘူးလေနော်" လို့ ခပ်ရေးရေးလေးပြုံးပြီး လေဆိပ်ထဲကနေထွက်လာကြပါတယ်။
_____
ကားတံခါးကို ဖွင့်လိုက်တာနဲ့ အရင်ဆုံးမြင်လိုက်ရသော ကတ္တီပါဖိနပ်လေးပေါ်မှ ခြေထောက်ဖြူဖြူနုနုလေး...အိန္ဒြေရှိစွာနဲ့ ကားပေါ်ကနေဆင်းလာသောထိုအမျိုးသမီး...ဒေါ်ခတ္တာမေဆင်းလာတာနဲ့ချက်ချင်း ဒေါ်ခတ္တာမေရဲ့အနားကိုအပြေးရောက်လာသောအတွင်းရေးမှူးမလေး မြတ်မှ..."မင်္ဂလာပါမမကြီး"
ဒေါ်ခတ္တာမေဆိုတဲ့အမျိုးသမီးဟာ စကားတွေကိုအပိုမပြောတတ်သောသူတစ်ယောက် ဒါ့ကြောင့် အတွင်းရေးမှူးမလေးနှုတ်ဆက်တာကို ခေါင်းသာငြိမ့်ပြလိုက်ပြီး သူငယ်ချင်းဖြစ်သူ ဒေါ်မဒီကို ခေါ်ကာ company ထဲကိုယုံကြည်မှုအပြည့်ရှိသောခြေလှမ်းတွေလှမ်းပြီး ဝင်လာတာနဲ့ အားလုံးက "မင်္ဂလာပါ မမကြီးတို့"လို့ဆိုကာခေါင်းငုံ့အရိုအသေပေးကြသည်။ဒေါ်ခတ္တာမေရဲ့အာဏာကြီးမားပုံကိုတော့ ဒေါ်မဒီတစ်ယောက်အံ့ဩစွာပင်။ဒေါ်မဒီကသာ ဟိုကြည့်ဒီကြည့်လုပ်နေပေမဲ့ ဒေါ်ခတ္တာမေကတော့ရှေ့တည့်တည့်သာကြည့်သည်။
ဒေါ်ခတ္တာမေရဲ့ ရုံးခန်းဟာ companyရဲ့အပေါ်ဆုံးထပ်မှာပင်။ဒေါ်ခတ္တာမေရဲ့နောက်ကိုတစ်ကောက်ကောက်လိုက်ရတဲ့သူဆိုလို့ companyမှာ ဒေါ်ခတ္တာမေရဲ့ အတွင်းရေးမှူးမလေးမြတ်သာရှိသည်။ဒေါ်ခတ္တာမေရဲ့ ရုံးခန်းထဲကိုသူ့အတွင်းရေးမှူးမလေးနဲ့ ဒေါ်ခတ္တာမေအတွက်အရေးကြီးသောသူတွေမှအပ မည်သူမှဝင်လို့မရချေ။
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...