Part-17

8.7K 523 18
                                    

For Unicode

အန်တီ့ကိုလိုက်ပို့ရမှာဖြစ်တဲ့အတွက်ကြောင့် မြတ် အစောကြီးထ ရေမိုးချိုးပြီးပြင်ဆင်နေလိုက်သည်...ညကလည်းတစ်ညလုံးနီးပါးငိုထားပြီး သုံးနာရီလောက်ပဲအိပ်ထားတာကြောင့် ခေါင်းကမူးနောက်နောက်ဖြစ်နေသည်...ငိုထားတာကြောင့်အစ်နေတဲ့မျက်လုံးတွေနဲ့ အိပ်ရေးပျက်ထားတာကြောင့်ညိုနေတဲ့မျက်ကွင်းတွေကို မသိသာအောင် မိတ်ကပ်ပါးပါးလေးနဲ့ဖုံးလိုက်ကာ ပေါ့‌ပေါ့ပါးပါးဖြစ်စေမဲ့ အပေါ်ကလက်ရှည်အမဲပါးပါးလေးနဲ့ style pant အဖြူလေးကိုဝတ်လိုက်သည်...ရိုးရိုးရှင်းရှင်းဝတ်ထားတာတောင် လုံးဝ perfectဖြစ်နေတဲ့ ကိုယ့်ကိုကို ‌ကျေနပ်ကာတစ်ချက်ပြုံးလိုက်ပြီး ကားသော့ယူကာ ထွက်လာလိုက်သည်...

လိပ်စာအတိုင်းမောင်းလာတော့ ကွန်ဒိုတိုက်ခန်း‌တွေရှိတဲ့လမ်းထဲရောက်လာ‌သည်...တိုက်ခန်းပုံတွေအနေအထားအရ ဒီနေရာဟာ လူချမ်းသာတွေနေတဲ့နေရာမှန်းသိသာလှသည် အန်တီဟာလိပ်စာအတိအကျပေးထားတာကြောင့် အန်တီ့အခန်းနံပါတ်ကိုရှာရသည်မှာလွယ်ကူလှသည်...

*တီး..တောင်*

အခန်းဘဲလ်ကိုနှိပ်လိုက်တော့ အခန်းတံခါးဖွင့်လာတဲ့ အန်တီက မြတ်ကို‌တွေ့တော့ပြုံးပြကာ...

"မြတ်တောင် လာပြီပဲ..လာမြတ် အိမ်ထဲဝင်အုံး အန်တီထည့်စရာလေးတွေရှိသေးလို့"

"ဟုတ်ကဲ့ပါအန်တီ"

သူဌေးတွေနေတဲ့တိုက်ခန်းဖြစ်တာကြောင့် တိုက်ခန်းတစ်ခန်းကိုပင်လူတစ်ယောက်နေဖို့အတွက်အရမ်းကိုကျယ်လွန်းသည်...ပစ္စည်းလေးတွေကိုသေသေသပ်သပ်ထားထားတဲ့အန်တီဟာ စမတ်ကျတဲ့သူတစ်ယောက်ဆိုတာကိုပေါ်လွင်စေသည်..မြတ်လည်းသူ့မျက်လုံးလေးတွေကိုကစားနေရင်း TV စင်နားက guitarလေးတစ်လုံးကိုတွေ့သွားပြီးပြုံးမိသည်..အန်တီက guitarလည်း တီးတတ်တာလားပေါ့...

"ပြီးပြီ မြတ်သွားရအောင်လေ"

"ဟုတ်ကဲ့ပါအန်တီ...ဒါနဲ့ ဟို ပစ္စည်းတွေကအကုန်ယူလို့ပြီးပြီလားအန်တီ"

"အွန်း ပြီးပြီလေ ဘာလို့လဲမြတ်"

"ဟိုနားက guitar လေးကိုကော မယူသွားဘူးလား"
မြတ်မေးလိုက်‌တော့သိသိသာသာပျက်သွားတဲ့အန်တီ့ရဲ့မျက်နှာကိုမြတ်‌ မြင်လိုက်သည်..ဒါပေမဲ့အန်တီကချက်ချင်းပြန်ပြုံးကာ...

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now