Part-9

9.4K 570 23
                                    

For Unicode

"အဟင့်..အန်တီတကယ်မကောင်းဘူးကွာ နှုတ်ခမ်းရဲရဲလေးနဲ့တင်ထားတဲ့ဆေးလိပ်နဲ့မှမလိုက်...ဒီကကောင်းစေချင်လို့ပြောတာကို ဟင့် ပြီးတော့မိန်းကလေးဖြစ်ပြီးတော့"

"တို့နောက်ကွယ်မှာ တို့အကြောင်းပြောနေတာမကောင်းဘူးနော်ကလေးမ"

"ဟင်..မမကြီး ဒီကိုဘယ်လိုလုပ်"

"အိုဟို သူခိုးလူမိသွားတဲ့ရုပ်လေးနဲ့ပါလားကွယ်..ဒီမှာ မုန့်ဟင်းခါးပန်းကန်လာထားတာ"

ပြောင်နေတဲ့မုန့်ဟင်းခါးပန်းကန်လေးကိုကြည့်ကာ ခုနငိုနေရာကနေ ချက်ချင်းပြုံးသွားပြီး...

"ဟီး မမကြီး တကယ်ကုန်အောင်စားလိုက်တာပဲ"

" အွန်း..ဒါနဲ့ခုန တို့အကြောင်းလေးဆက်ပါအုန်း..တို့ပါနားထောင်ချင်လို့"

"ဟို...ဟို ဘာ..ဘာမှမဟုတ်ပါဘူး"

"ခုနက စိတ်မကောင်းဖြစ်သွားလား"

"အာ...အဲ့တာက နည်းနည်းပါ"

"တို့တောင်းပန်ပါတယ်"

"ရှင်"
အခု မာနမင်းသမီးဒေါ်ခတ္တာမေက သူ့ကိုတောင်းပန်လိုက်တာလားဆိုပြီးကြောင်ကာ ပါးစပ်အဟောင်းသားနဲ့ ဒေါ်ခတ္တာမေကိုကြည့်လိုက်ပြီး...

"မ..မဟုတ်တာ မမကြီးရယ်..အလုပ်ရှင်က အလုပ်သမားကိုမတောင်းပန်ရပါဘူးနော်..ဖူးဘက်ကမှားတာပါ..."

"နောက်တစ်ခါတို့ရှေ့မှာ မျက်ရည်မကျပါနဲ့"

"ဟုတ်..ဟုတ်မကျတော့ပါဘူး"

ထို့နောက်

"အားး...ပိုးဟပ် ပိုးဟပ်ကြီး ကယ်ကြပါ"ဆိုပြီး ဒေါ်ခတ္တာမေရင်ခွင်ထဲရောက်လာသော ထိုကလေးမ...ဒေါ်ခတ္တာမေဟာ ဖူးသစ္စာလှိုင်ထက်သုံးလက်မလောက်ပိုမြင့်တာကြောင့် ရင်ခွင်ထဲရောက်နေသော ထိုကလေးမမှာတကယ်ကိုပိစိလေးဖြစ်နေသည်...
ချက်ချင်းကြီးရင်ခွင်ထဲ အပြေးဝင်လာသောထိုကလေးမကြောင့် ဒေါ်ခတ္တာမေရဲ့ အသက်ရှူနှုန်းတွေဟာမူမမှန်တော့..ရင်ခုန်သံတွေဟာလည်းကျယ်လောင်လွန်းလို့ ရင်ခွင်ထဲကထိုကလေးမကြားသွားမည်တောင်စိုးရသည်...ရင်ခွင်ထဲရောက်နေသော ထိုကလေးသေးသေးလေးမှာတကယ်ကိုချစ်ဖို့ကောင်းလှသည်..ပိုးဟပ်ကဖြင့်သွားပြီ သူကအခုထိ ဒေါ်ခတ္တာမေရဲ့ရင်ခွင်ထဲကမထွက်သေး သူ့ရဲ့လက်သေးသေးလေးတွေနဲ့ဒေါ်ခတ္တာမေရဲ့အင်္ကျီစကိုဆွဲထားပြီး မျက်စိစုံမှိတ်ကာအော်နေတုန်းပင်..ကြာရင်ဒေါ်ခတ္တာမေတစ်ယောက်နှလုံးရောဂါပင်ရတော့မည်..ဒါ့ကြောင့်

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now