Part-21

7.6K 453 10
                                    

For Unicode

မိုးကုန်လို့ ဆောင်းဝင်လာတာနဲ့အမျှ ‌ဖူးနဲ့ဒေါ်ခတ္တာမေတို့ဆက်ဆံရေးကလည်းပိုမိုနွေးထွေးလာသည်...ဒါပေမဲ့ ဒီနေ့ ဒေါ်ခတ္တာမေစိတ်ထဲလေးလံနေသည်..ဆောင်းထဲဝင်နေပြီဆိုပေမဲ့ ကောင်းကင်ကြီးတစ်ခုလုံးမဲမှောင်နေကာ တစ်ချက်တစ်ချက်တိုက်ခတ်လာသောလေတွေမှာ ဝမ်းနည်းမှုတွေပါနေသယောင်ယောင်..ချစ်လှစွာသော ကလေးငယ်ကတော့ ပန်ပန်တို့နဲ့အတူ ဈေးလိုက်သွားချေပြီ..ပြတင်းပေါက်နားလေးမှာ မတ်တပ်ရပ်နေရင်းအပြင်ကိုငေးကြည့်ကာ စိတ်တွေအရမ်းလေးလံနေတာကြောင့် ကလေးငယ်ကိုတောင်စိတ်ပူမိနေသေးသည်..ကလေးငယ်မကြိုက်လို့ဖြတ်ခိုင်းထားတဲ့ ဆေးလိပ်ကို အခု ကလေးငယ်မရှိတုန်း ယူသောက်နေမိသည်..

"အန်တီရေ..."

အောက်ထပ်ကနေအော်လာတဲ့ အသံစူးစူးလေး..တကယ်ပါ ဒေါ်ခတ္တာမေစံအိမ်ရဲ့ ဆည်းလည်းသံလေးဆိုရင် ကလေးငယ်ကို လက်ညိုးထိုးမိမှာအမှန်ပေ..ပြန့်နေတဲ့ဆေးလိပ်ငွေ့တွေကို လက်နဲ့အမြန်ဖယ်ရှားရင်းလက်ထဲကဆေးလိပ်ကိုမီးသတ်ကာလွှတ်ပစ်လိုက်လေသည်..

"ပြန်လာပြီလား ကလေးငယ်"

"ဟုတ်...အောက်ထပ်မှာ အန်တီကြိုက်တဲ့ မုန့်ဟင်ခါးဖူးဝယ်လာတယ်"

"အွန်း..အန်တီပြီးရင်လာခဲ့မယ်နော်"

"အန်တီ..!!"

"ရှင်"

"ဆေးလိပ်တွေ သောက်ပြန်ပြီလား"

"ဟို..အဲ့ အဲ့တာကလေ"

"အန်တီကလည်းကွာ..ဖူးမကြိုက်တာသိရဲ့နဲ့ ဖူးမကြိုက်တာထက်ကွာ အဲ့ဆေးလိပ်တွေက မကောင်းဘူးလေ အခုအန်တီ့နှုတ်ခမ်းနီနီလေးကနောက်ဆို‌ညိုသွားရင်ဘယ်လိုလုပ်မလဲ..ပြီးတော့ရောဂါဖြစ်တယ်လေ ကြည့်ပါအုန်း ဘယ်လောက်တောင်သောက်ထားလဲမသိမွှန်ထူနေတာပဲ"

"တစ်လိပ်ထဲပါကွယ် ကယ်ပါ..အန်တီနောက်မသောက်တော့ဘူးနော်"

"ဟွန့် ပြောတာပဲ..နောက်သောက်တာတွေ့ရင် ဘယ်တော့မှမနမ်းတော့ဘူး ပြီးရင်အောက်ဆင်းခဲ့.."

"ဟုတ်ကဲ့ပါမမလေးရှင့်"

မျက်စောင်းတစ်ချက်ထိုးလိုက်ကာ ဆူပုတ်ပြီးထွက်သွားတဲ့အရှေ့ကကလေးငယ်ကို ဒေါ်ခတ္တာမေချစ်လို့မဝပေ...

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now