For Unicode
"သမီး...ပါးပါး ဒီကိစ္စကိုလက်မခံနိုင်ဘူးနော်သမီး...ပါးပါးမှာ တစ်ခြားနည်းလမ်းရှိအုံးမှာပါ"
"ပါးပါး...သမီးဒီလမ်းကိုရွေးမှရမယ်ပါးပါး..ပါးပါးမှာတစ်ခြားနည်းလမ်းမရှိတော့မှန်းသမီးသိပါတယ်..ပြီးတော့ အန်တီ့အိမ်မှာ လိုအပ်တာလေးတွေပဲလုပ်ပေးရုံပါ သမီးမပင်ပန်းလောက်ပါဘူး"
"သမီးရယ်...ဒါလည်းအိမ်ဖော်ပဲလေ..ပါးပါးသမီးလေးလိုပညာတတ်က သူများအိမ်မှာ အိမ်ဖော်လုပ်ရမှာကိုပါးပါးက ဘယ်လိုစိတ်နဲ့ခွင့်ပြုရမှာလဲဟင်...ပါးပါးတစ်ခြားနည်းနဲ့ရှာကျွေးနိုင်ပါတယ်"
"ပါးပါး..သမီးအသက်၂၀ ရှိနေပြီလေ အခုလိုအချိန်ထိ သမီးက ပါးပါးလုပ်စာကိုထိုင်စားရမှာလားပါးပါး..အဲ့တာဆိုသမီးလောက်မိုက်တဲ့သူရှိမှာမဟုတ်တော့ဘူး..အခုဆို သမီးတို့အိမ်လေးလည်းရတယ်..ပါးပါးကိုလည်းထောက်ပံ့ပေးနိုင်တယ်လေ စိတ်ချပါ ပါးပါးရဲ့သမီး ပါးပါးကိုအဆက်အသွယ်လုပ်မှာပါ...အချိန်မရှိတော့ဘူးပါးပါး သမီးသွားတော့မယ်နော် ကျန်းမာရေးဂရုစိုက်နော်ပါးပါး ချစ်တယ်"
"အွန်း သမီးလည်းကျန်းမာရေးဂရုစိုက်နော်..လာပါအုန်းပါးပါးရဲ့သမီးလေးကိုဖက်ပါရစေ"
ဦးကောင်းသန့်လည်းသူ့သမီးကိုဖက်လိုက်ကာ ကျလုနီးပါးဖြစ်နေတဲ့မျက်ရည်တွေကိုမကျအောင်ထိန်းထားရင်းကျဖြစ်အောင်ကျသွားတော့ ...."ပါးပါး ငိုနေတာလား..မငိုပါနဲ့ပါးပါးရယ် ပါးပါးငိုတော့ သမီးလည်းငိုချင်တာပေါ့လို့"
"အွန်းပါ ပါးပါးမငိုတော့ဘူးနော်"
"ဟုတ် အာ့ဆိုသွားတော့မယ်နော်ပါးပါး"
"အွန်းအွန်း"
ဦးကောင်းသန့်တို့သားအဖမှာ အမျိုးဆိုတာမရှိ ဦးကောင်းသန့်ဟာတစ်ဦးတည်းသောသားဖြစ်တာကြောင့်ညီအကိုမောင်နှမဆိုတာလည်းမရှိ..မိဘဖြစ်သူတွေကလည်းမရှိတော့။ ဖူးသစ္စာလှိုင်အမေဖြစ်သူဒေါ်မေလှိုင်ဘက်ကအမျိုးတွေကလည်းသူတို့သဘောမတူတဲ့ဦးကောင်းသန့်နဲ့ယူလို့ဒေါ်မေလှိုင်ရဲ့နောက်ဆုံးအချိန်ကလွဲလို့ကျန်တဲ့အချိန်တွေမှာသူတို့ကိုလှည့်တောင်မကြည့်ခဲ့ကြ။
_________
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...