Part-31

7.8K 421 34
                                    

For Unicode

ထိန်လင်းနေတဲ့ မီးဆိုင်းကြီးတွေအောက်က အဖြူရောင်ဂါဝန်အရှည်ကြီးနဲ့အမျိုးသမီးလေးဟာ နတ်သမီး‌လေးအလားပမာ တောက်ပနေသည်။ပုလဲလေးတွေလိုဖြူဖွေးပြီး‌စီတန်းနေတဲ့သွားလေးတွေပေါ်အောင်ထိပြုံးနေကာ ဖခင်ဖြစ်သူရဲ့လက်ကိုချိတ်ထားပြီး တစ်ဖက်က ပန်းစည်းလေးကိုကိုင်ကာ ကော်ဇော်နီနီကြီးပေါ်ကနေတစ်လှမ်းခြင်းလှမ်းရင်း သတို့သားရှိရာသို့လျှောက်လှမ်းနေလေသည်။
တောက်ပကာပြုံးနေတဲ့ကလေးငယ်ကြောင့်ဒေါ်ခတ္တာမေရင်ထဲကြည်နူးမှုလေးတွေဟာ ဖြတ်ပြေးသွားလေသည်..ကိုယ်ကပန်းလေးကိုသေသေချာချောလေးစိုက်ပျိုးခဲ့တဲ့ ဥယျာဉ်မှူးပင်မဲ့ ပိုင်ရှင်တော့မဟုတ်ခဲ့ဘူးလေ...ကလေးငယ်ရဲ့မင်္ဂလာပွဲမှာ အရာရာကိုအကောင်းဘက်ကသာတွေးနေရင်း..နာကျင်မှုတွေကိုဘေးဖယ်ထားကာ ကလေးငယ်ရဲ့အပြုံးလေးကိုသာ ကြည့်ရင်း လိုက်ပြုံးနေလိုက်မိသည်။

တစ်ယောက်အပေါ်တစ်ယောက်ကတိသစ္စာတိုင်တည်ပြီးတာနဲ့တစ်ပြိုင်နက် ခန်းမကြီးထဲ လက်ခုတ်သံများဆူညံသွားလေသည်..ဝဲတက်လာတဲ့ မျက်ရည်တွေဟာ ဘာ့ကြောင့်ကျမှန်းမသိ..ကလေးငယ်ကိုတကယ်ဆုံးရှုံးလိုက်ရပြီလားဆိုတဲ့အတွေးကြောင့်လားဒါမှမဟုတ် ကလေးငယ်ရဲ့တောက်ပနေတဲ့ပုံစံလေးကိုမြင်ရလို့ အရမ်းကြည်နူးမိသွားလို့လားဆိုတာဝေခွဲရခက်နေသည်..

ဒါပေမဲ့လည်းဘယ်သူကသိမှာလဲ..ဖူးရဲ့ဟန်ဆောင်အပြုံးတွေဟာ အရမ်းကိုအသက်ဝင်လှတာကို အတတ်နိုင်ဆုံး ဖူး အန်တီ့မျက်နှာကိုမကြည့်မိအောင်နေလေသည်..အန်တီ့ရှေ့မှာ ပျော်နေတဲ့သူတစ်ယောက်ပမာပြုံးထားရသည်မှာဖူးပင်ပန်းလှသည်..မကြာခင်မှာပဲ ဖူးဟာတာဝန်အကြီးကြီးတစ်ခုကို ထမ်းရတော့မည်မဟုတ်လား..ဖူး အန်တီ့အပေါ်ထားတဲ့စိတ်တွေကိုဖြေးဖြေးချင်းစီ ပယ်ဖျက်ရတော့မည်..အန်တီလည်းအန်တီ့ဘဝနဲ့အန်တီ ဖူးလည်းဖူးဘဝနဲ့ဖူးဖြစ်သွားပြီလေ..ဖူးတို့သံယောဇဉ်တွေထပ်မတွယ်မိတာအကောင်းဆုံးဖြစ်ပေမည်။

"ဒီနေ့သိပ်လှနေတယ် ဖူး"

"အန်တီကတော့အမြဲတမ်းလှနေတဲ့သူပါနော်"

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now