Part-35

9.7K 501 18
                                    

For Unicode

"ဦးကောင်းသန့် ရှိပါသလားခင်ဗျာ"

"ဟုတ်ကဲ့ ကျွန်တော်ပါ"

"ဟုတ်ကဲ့ ဦးကောင်းသန့်ကို တရားမဝင်မူးယစ်ဆေးဝါးတွေရောင်းချမှုနဲ့ဖမ်းဆီးလိုက်ပါပြီခင်ဗျာ"

"ဗျာ..ဘယ်လိုဘယ်လို"

"သက်သေအထောက်အထား အခိုင်အလုံရှိတာကြောင့် ငြင်းပိုင်ခွင့်မရှိပါဘူးခင်ဗျာ..ကျွန်တော်တို့နဲ့အတူ စခန်းကိုသာ အရင်ဆုံးလိုက်ခဲ့ပေးပါ"

ဦးကောင်းသန့်မှာပြောစရာစကားတွေပင်ပျောက်ရှသွားလေပြီ။လက်ထိပ်ခတ်ကာ ဖမ်းဆီးခံလိုက်ရတဲ့ ဦးကောင်းသန့်ကို companyက ဝန်ထမ်းတွေမှာလည်းကွက်ကြည့်ကွက်ကြည့်လုပ်ကာ အံ့ဩတဲ့ မျက်နှာအသွင်အပြင်တွေနဲ့တီးတိုးပြောတဲ့သူကပြော ဓာတ်ပုံရိုက်တဲ့သူကရိုက်နဲ့အလုပ်ရှုပ်နေကြသည်..နောက်မိနစ်ပိုင်းအတွင်း ဦးကောင်းသန့်ရဲ့သတင်းမှာ လူမှုကွန်ရက်ပေါ်တွင်ပြန့်တော့မည်။

ထုံးစံအတိုင်းတစ်ခုခုဆိုသတင်းပြန့်လွယ်တဲ့ခေတ်ကြီးဖြစ်တာကြောင့် စခန်းရှေ့မှာ သတင်းထောက်တွေပင်စုပြုံနေလေသည်။ရဲကားပေါ်ကဆင်းလာတဲ့ ဦးကောင်းသန့်ဆီကို အပြေးအလွှားလာကြကာတစ်ယောက်တစ်ပေါက်နဲ့မေးနေကြသည်..ဦးကောင်းသန့်မှာ အပြစ်လုပ်ထားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ခေါင်းငုံ့ထားရုံကလွဲလို့ဘာမှမတတ်နိုင်ပေ။
မထင်မှတ်ပဲတွေ့လိုက်ရတဲ့ လူတွေကြောင့် ဦးကောင်းသန့်မျက်လုံးပင်ပြူးသွားလေသည်။‌ခန့်အောင်နဲ့ သူ့တပည့်အချို့ကပါ အဖမ်းအဆီးခံလိုက်ရပြီတဲ့လား..ဒါ့အပြင် ခုံပေါ်မှာ ခြေချိတ်ထိုင်ကာ လက်ကိုင်အိတ်ကို လက်မှာချိတ်ထားပြီး..ခုံကိုနောက်ကျောမှီထိုင်ထားရင်း မဲ့ပြုံးတစ်ခုနဲ့အမျိုးသမီး.. မြန်မာပါတိတ်ကြက်သွေးရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားသောအမျိုးသမီးရဲ့ပုံဟာ တကယ်ကိုအရှိန်အဝါကြီးလှသည်။

ဦးကောင်းသန့်မှာ လက်ထိပ်ခတ်ခံထားရတဲ့လက်တွေကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး တောက် တစ်ချက်ခေါက်လိုက်လေသည်။ဒေါ်ခတ္တာမေဘေးနားမှာထိုင်နေတဲ့ သမီးဖြစ်သူရဲ့မျက်နှာကိုတော့ မကြည့်ရဲပေ..အဖေတစ်ယောက်အနေနဲ့ ရှက်သင့်တယ်မလား။

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now