For Unicode
ထမင်းစားရင်းမျက်ရည်တွေနဲ့ပြည့်သွားတာကြောင့် သွန်လိုက်ရတဲ့ ထမင်းပန်းကန်ပေါင်းလည်းမနည်းတော့ချေ။ချစ်ရသူဘေးမှာမရှိတော့တဲ့ညတာတွေဟာရှည်လွန်းလို့ မျက်ရည်တွေနဲ့ပဲ မိုးလင်းတဲ့ထိနေခဲ့ရတဲ့အချိန်တွေဟာလည်းလက်ချိုးရေလို့ပင်မရ။နွေးထွေးမှုမပေးနိုင်တော့တဲ့လူသားလေးမရှိတော့ပါဘူးဆိုမှ ဆောင်းတွင်းဟာလည်းတစ်နေ့ထက်တစ်နေ့ပိုမိုအေးကာ တမင်ပင်ရက်စက်ပြနေသလိုလို။
တကယ်တော့ ဒီအမျိုးသမီးနှစ်ဦးဟာ ခန္ဓာကိုယ်ချင်းသာ ဝေးချင်ဝေးမယ်နှလုံးသားချင်းကတော့အမြဲတမ်းနီးစပ်နေဆဲပါ..ညတိုင်း မျက်ရည်ကျရတာခြင်းတူတာကြောင့် မျက်ရည်လေးတွေကသာစကားပြောနိုင်မယ်ဆိုရင်သေချာပါတယ်ထိုအမျိုးသမီးနှစ်ယောက်ဟာအဆက်အသွယ်ပြတ်မည်မဟုတ်ပါ။သူတို့သွေးကြောထဲကသွေးတွေစီးဆင်းနေသရွေ့ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ချစ်ခြင်းမေတ္တာဟာလည်းပြောင်းလဲသွားမည်မဟုတ်တော့ပေ။
ဒီနေ့မှာ လူနှစ်ယောက်ကတော့ ပြန်တွေ့ရတော့မည်ဖြစ်တာကြောင့်ပျော်နေကြပေမဲ့ လူနှစ်ယောက်အတွက်ကတော့ဝမ်းနည်းစရာနေ့အဖြစ်သတ်မှတ်လို့ရသည်။ဒေါ်မဒီ မြန်မာပြည်ကိုဒီနေ့ပြန်လာတော့မည်ဖြစ်တာကြောင့်မြတ်လောက် ကမ္ဘာပေါ်မှာပျော်တဲ့သူမရှိလောက်တော့ဘူးဟုထင်ရလောက်အောင်ပင်မြတ်မှာလွန်စွာပျော်နေလေသည်..ဒါပေမဲ့ဒေါ်ခတ္တာမေအတွက်တော့ သူငယ်ချင်းဖြစ်သူပြန်လာတာကိုပျော်ပေမဲ့ ဝမ်းနည်းမှုကပိုမိုကြီးစိုးနေလေသည်။ဒီနေ့ဟာ သိပ်ချစ်ရတဲ့ အမျိုးသမီးလေးရဲ့ စေ့စပ်ပွဲနေ့ဖြစ်သည်။မင်္ဂလာဆောင်တဲ့နေ့ကျမှပဲ သွားတော့မည်ဟုဆုံးဖြတ်ထားတာကြောင့် စေ့စပ်ပွဲကိုတော့မတက်ရောက်တော့ပေ။ချစ်ရတဲ့သူရဲ့ စေ့စပ်ပွဲကိုကော မင်္ဂလာပွဲကိုကော နှစ်ပွဲလုံးတက်ရောက်လောက်တဲ့အထိတော့ ဒေါ်ခတ္တာမေမရူးမိုက်..
"သိပ်မှ တက်ကြွနေပါရောလား မြတ်..အရမ်းကိုပျော်နေတယ်ပေါ့"
"ဟီး..ပျော်တာပေါ့ မမကြီးရယ်.."
"အွန်းပါ...ဟုတ်ပါပြီ"
ဒေါ်ခတ္တာမေရဲ့မျက်နှာမှာတော့ ပျော်ရွှင်မှုတွေထက် တစ်ခုခုကိုလွမ်းဆွတ်နေတဲ့အရိပ်ယောင်တွေကသာ ဖုံးလွှမ်းထားတာကြောင့်...
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...