For Unicode
"ဟင် အန်တီကိုယ်တိုင် မောင်းမှာလား"
"အွန်း..ဒီနေ့ အန်တီကိုယ်တိုင်ဖူးသွားချင်တဲ့နေရာလေးတွေကိုလိုက်ပို့ပေးချင်လို့..ကယ်အခုဘယ်သွားမလဲ မမလေးရှင့်..ဒီနေ့ကျမ ရှင်လေးရဲ့ driverလုပ်ပေးပါ့မယ်"
"အာ..ဖူးတို့ ရုပ်ရှင်သွားကြည့်ကြမလား ဒီနေ့ CAROL ဆိုတဲ့ ဇာတ်လမ်းပြမှာ"
"CAROL က ဘာလဲဖူး"
"ဟီး အန်တီကြည့်ရင်သိလိမ့်မယ်"
"လျှိုတယ်ပေါ့ ဟုတ်ပါပြီ..ကြည့်ဆိုလည်းကြည့်ရတာပေါ့"
******
"လက်မှတ်နှစ်စောင်ပေးပါနော်""လက်မှတ်က အတွဲခုံမှာပဲရှိတော့မယ်ရှင့်..ကျန်တဲ့နေရာကလက်မှတ်ကုန်သွားလို့ပါ"
"အဲ့တာဆို ဈေးအကြီးဆုံးနေရာကိုပေးပါနော်"
"ဟုတ်ကဲ့ ဒီမှာပါနော်.."
လက်မှတ်ရောင်းတဲ့ ကောင်မလေးက သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးစိစိဖြစ်နေတာကို ဒေါ်ခတ္တာမေသတိထားမိကာ...
"ဖူး..ခုနလက်မှတ်ရောင်းတဲ့ ကောင်မလေးက အန်တီတို့ကိုကြည့်ပြီးဘာလို့ပြုံးစိပြုံးစိဖြစ်နေတာလဲဟင်"
"ဖူးလည်းမသိဘူးလေ"
တစ်ကယ်တော့ အဲ့ကောင်မလေးဘာလို့ပြုံးစိပြုံးစိဖြစ်နေလဲဆိုတာ ဖူး သိပါသည်...ဖူးနဲ့အန်တီကြည့်တဲ့ CAROL ဆိုတဲ့ကားဟာ အမျိုးသမီးနှစ်ဦးချစ်ကြိုက်ကြတဲ့ကားဖြစ်သလို age gapကားဖြစ်တာကြောင့် ဖူးနဲ့အန်တီ့ကိုအတွဲလို့ထင်သွားခြင်းကြောင့်ဖြစ်သည်..ဒါကိုတော့ဖူး အန်တီကိုမပြောပြဖြစ်..
GLကားဖြစ်တာကြောင့် ကြည့်တဲ့သူတွေထဲမှာ GL အတွဲတွေလည်းပါသလို ရိုးရိုးမိန်းကလေးတွေလည်းပါသည်...ယောင်္ကျားလေးတွေကတော့မရှိသလောက်ရှားသည်..
စစချင်းကြည့်တုန်းကတော့ဘာကားမှန်းသေချာမသိပေမဲ့ အမျိုးသမီးနှစ်ယောက်နမ်းတဲ့အပိုင်းပါလာတော့ ဒေါ်ခတ္တာမေတစ်ယောက်လန့်ဖျက်သွားကာ ဖူးကို လှည့်ကြည့်လိုက်တော့ ဖူးလည်းပြန်လှည့်ကြည့်ကာ သွား၃၂ချောင်းလည်းဖြီးပြပြီး ပေါက်ပေါက်တွေကိုပါးစပ်ထဲထည့်ကာ အရှေ့ကိုပြန်လှည့်သွားတဲ့ ထိုကလေးမကြောင့် ဒေါ်ခတ္တာမေမှာ ရှက်ပြုံးလေးတစ်ခုနဲ့သာကားကိုဆက်ကြည့်နေလိုက်သည်..
ကြည့်ရင်းကြည့်ရင်းနဲ့နောက်ပိုင်းမှာဟိုအခန်းပါလာတာကြောင့် ဒီတစ်ခါရှက်ရသူမှာ ဖူးပင်..ဒီလိုအခန်းပါလာမယ်လို့ဖူး မထင်ထားခဲ့သူများတွေပြောလို့သာ ဖူး ဒီကားကိုကြည့်ချင်လို့အန်တီနဲ့လာကြည့်ခြင်းဖြစ်သည်...အန်တီ့ကိုလှမ်းကြည့်လိုက်တော့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ဆက်ကြည့်နေသည်..အန်တီ့နားထင်မှာ ချွေးအနည်းငယ်စို့နေတာကိုတော့ ဖူး အမှောင်ထဲကနေ လှမ်းမြင်လိုက်၏..
အမျိုးသမီးနှစ်ယောက်ရဲ့ချစ်ကြည်နူးခန်းရောက်တော့ ဒေါ်ခတ္တာမေမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့..ဘေးနားကလူယုတ်မာမလေးကိုလည်း ဖြူစင်တဲ့စိတ်လေးကိုအရောင်ဆိုးရလားဆိုပြီး မေတ္တာတော်တွေပို့သနေမိသည်..ခြေဖျားလက်ဖျားတွေကအေးစက်နေပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ပူရှိန်းရှိန်းဖြစ်လာကာ အဲကွန်းခန်းထဲမှာပင် ချွေးတွေစို့နေလေပြီ..ထဘီစကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားကာ ဟန်မပျက်နေရသည်မှာတကယ်ကိုခံရခက်လွန်းသည် ဟန်ပျက်သွားရင်ပင်ထိုလူယုတ်မာမလေးစမည်ကိုစိုးသောကြောင့်အခုလိုနေရခြင်းဖြစ်သည်..ထိုအခန်းမြန်မြန်ပြီးပါစေလို့ပဲစိတ်ထဲကနေဆုတောင်းနေလိုက်တော့သည်...
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...