For Unicode
"ပါးပါး ဒီနေ့တစ်ရက်တော့ အန်တီအိမ်မှာသွားနေခွင့်ပေးပါ..မနက်ဖြန်ညနေလောက်သမီးကိုလာခေါ်ပါ"
"အွန်းပါ ကျေးဇူးတင်ပါတယ်သမီး...ပါးပါးစကားကိုနားထောင်ပေးလို့..ပြီးတော့ ပါးပါးသမီးကို ရိုက်ခဲ့တဲ့အတွက်လည်းပါးပါး တကယ်တောင်းပန်ပါတယ်နော်"
"ရပါတယ် ပါးပါးက မိဘပဲဟာ လုပ်ချင်တာလုပ်လို့ရပါတယ်"
"အခု ပြန်တော့မလို့လား.."
"ဟုတ်"
"ခဏလောက်နေပါအုံးလား သမီး"
"တော်ပါပြီ တစ်သက်လုံးပြန်လာနေရမဲ့ဟာကို"
"အွန်းပါ..ခန့်အောင်လိုက်ပို့လိုက်အုံးနော်"
"နေပါ...အန်တီကို ဖုန်းလှမ်းဆက်လိုက်မယ်"
"သမီး..ပါးပါးပြောတာကိုနားထောင်ပါ ဒါမှမဟုတ်ရင် ဒီနေ့သွားတာတောင်ခွင့်ပြုမှာမဟုတ်တော့ဘူးနော်"
"ကျစ် ပါးပါးတို့က တကယ်ပဲ..ပြီးရော"
ဖူးတစ်ကယ်စိတ်ရှုပ်ရပါသည်..ဒါပေမဲ့ဘယ်တတ်နိုင်မလဲ ဒီလမ်းကိုရွေးလိုက်ပြီဆိုထဲက ဖူးအတွက်စိတ်ရှုပ်စရာတွေပဲဖြစ်လာတော့မှာလေ..ဖူး ကျင့်သားရအောင်နေရပေအုံးမည်...
သိပ်ချစ်ရပါသော အမျိုးသမီးလေးရှိတဲ့ခြံဝန်းထဲကိုအရင်ကဝင်လိုက်ရင်စိတ်ပေါ့ပါးကာ အမြဲတမ်းတက်ကြွနေပေမဲ့ အခုတော့စိတ်တွေထိုင်းမှိုင်းကာခြေလှမ်းတွေလည်းလေးလံနေသည်...အရောင်သွေးစုံလင်လှသောပန်းခင်းကြီးမှာ အခုတော့ခြောက်သွေ့နေသယောင်ယောင်..တစ်ချက်တစ်ချက်တိုက်ခတ်လာသောလေစိမ်းအေးအေးတွေကဖူးတို့နှစ်ယောက်ရဲ့အေးစက်သွားမဲ့ဆက်ဆံရေးကိုကြိုတင်နမိတ်ပြနေသလိုပင်..
ဖူးလာတာကိုပဲအန်တီကအမြဲတမ်းစောင့်နေတာလားဒါမှမဟုတ် အကြားမြင်ပဲမြင်နေရလားမပြောတတ် ဖူး အိမ်ထဲမရောက်ခင် အန်တီကအိမ်ရှေ့အပေါက်ဝလေးမှာအမြဲတမ်းကြိုရောက်နေတတ်သည်..အခုလည်း အိမ်ရှေ့အပေါက်ဝမှာ ဖူးကိုပြုံးပြီးကြည့်နေလေသည်..ဖူးနဲ့ဆိုအန်တီ့အပြုံးတွေဟာ အမြဲတမ်းအသက်ဝင်ကာတကယ်ကိုလှပသည် ဒါဟာဖူးတစ်ယောက်ထဲကြောင့်ပဲဖြစ်လာတဲ့အပြုံးတစ်ခု..ဒါပေမဲ့ မကြာခင်ပဲဖူးကြောင့်နဲ့အန်တီမျက်ရည်ကျရတော့မည်..
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...