For Unicode
ဘာလိုလိုနဲ့ဒေါ်ခတ္တာမေအိမ်မှာ အလုပ်လုပ်တာတစ်လပင်ပြည့်တော့မည်...ဒီကြားထဲမှာထူးခြားတာဆိုလို့မနက်စာမစားတတ်တဲ့သူက မနက်တိုင်းမနက်စာစားတတ်လာသည်.. ဒေါ်ခတ္တာမေတစ်ယောက် ဖူးသစ္စာလှိုင်အပေါ်ဆက်ဆံတာလေးတွေဟာလည်းတစ်နေ့တစ်ခြားပိုပိုနူးညံ့လာသည်..ဒါပေမဲ့ ဒေါ်ခတ္တာမေဟာ နားလည်ရခက်တဲ့အမျိုးသမီးတစ်ဦး တစ်ခါတစ်ရံ ဖူးသစ္စာလှိုင်အပေါ်ကိုနူးညံ့စွာဆက်ဆံတတ်ပေမဲ့ တစ်ခါတစ်ရံကြရင်လည်း မာကျောခက်ထန်သွားတတ်သည်...
ဖူးသစ္စာလှိုင်ရဲ့ ရည်းစားဖြစ်သူ ခန့်အောင်ဆိုသူမှာလည်း ဖူးသစ္စာလှိုင်ဆီဖုန်းမဆက်ဖြစ်..ဒါကိုဖူးသစ္စာလှိုင်သိပေမဲ့ဝမ်းမနည်းခဲ့..ဒါဟာခန့်အောင်ကိုမချစ်တော့လို့တော့မဟုတ်ပါ ဟိုမှာ အလုပ်ရှုပ်နေမှာပဲဆိုတဲ့စိတ်နဲ့နားလည်ပေးထားလို့ပင်ဖြစ်သည်.."ဖူးရေခဏလာပါအုန်းကွယ်"
ဒါဟာလည်းတစ်လအတွင်းမှာထူးခြားတဲ့အရာတစ်ခုဖြစ်သည်..ဒေါ်ခတ္တာမေဟာ နှစ်ယောက်ထဲရှိတဲ့အချိန်ဆို ဖူးလို့ ခေါ်ပြီး တစ်ခြားအလုပ်သမားတွေအရှေ့မှာဆိုရင်တော့ ဖူးသစ္စာလှိုင်လို့ခေါ်တတ်သည်..."ဟုတ်ကဲ့..လာပါပြီမမကြီး"
"တို့ကို ဒီဇစ်လေးဆွဲပေးပါအုန်း..တို့လက်မမှီလို့"
"ဟုတ်ကဲ့ပါမမကြီး"
မြန်မာအင်္ကျီပဲအမြဲတမ်းဝတ်တဲ့ဒေါ်ခတ္တာမေဟာ ဒီနေ့လည်း မြန်မာဝမ်းဆက် အပြာနုလေးကိုဝတ်ဆင်ထားသည်မှာ ကျက်သရေအလွန်ကိုရှိလှသည်..အင်္ကျီရဲ့ကျောအနောက်ဟာ ဇစ်နဲ့ချုပ်ထားတာကြောင့် ဒေါ်ခတ္တာမေတစ်ယောက်ဇစ်လှမ်းဆွဲဖို့မမှီလို့ ဖူးသစ္စာလှိုင်ကိုအကူအညီလှမ်းတောင်းရခြင်းဖြစ်သည်...ဖြူဖွေးပြီးနုဖက်နေတဲ့ထိုကျောပြင်ကျယ်ကျယ်လေးဟာတကယ်ကိုမြတ်နိုးချင်စရာပင်...
"အားး တကယ်ကိုနုဖက်နေတာပဲ မထိရက်မကိုင်ရက်စရာလေး..ဒီကျောပြင်လေးကိုသာ နမ်းရှိုက်ခွင့်ရမယ်ဆိုရင်တော့..စိတ်ထိန်းစမ်း ဖူးသစ္စာလှိုင်ဘာတွေလျှောက်တွေးနေတာလဲ"
"ရ..ရပါပြီမမကြီး"
"ဖူးလည်း အဝတ်အစားလဲလိုက်ပါ"
YOU ARE READING
Romanceဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီက သိပ်ခြွေတာပဲကွာ" ____ Zawgyi ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ...