Part-7

9.5K 587 14
                                    

For Unicode

အခုမှ အလုပ်သမားအသစ်ဖြစ်ပေမဲ့လည်း မည်သူမျှအနိုင်ကျင့်ခြင်း ဗိုလ်ကျခြင်း မရှိကျ အားလုံးက ဖူးသစ္စာလှိုင်ကို ညီမလေးတစ်ယောက်လိုအမတစ်ယောက်လိုပင်ဆက်ဆံကြ‌သည်။အခုလည်း အားလုံးကဖူးသစ္စာလှိုင်ကိုအင်တာဝိုင်းဗျူးနေကြခြင်းပင်...

"ဒါဆိုမမဖူးက သူ‌ဌေးသမီးလေးပေါ့နော်"ကြီးမြင့်ရဲ့တူမလေးဖြစ်သူပန်ပန်ကမေးလိုက်ခြင်းပင်။

"ပန်ပန်ရယ် သူဌေးသမီး မို့လို့ ဖူးရဲ့လက်လေးတွေခြေထောက်လေးတွေကိုကြည့်ပါလား နုဖက်နေတာပဲ တို့တွေနဲ့အကွာကြီးကို"လို့စကားဝိုင်းထဲက မဝေမှ ပြောလိုက်ရင်း...

"ဒါတွေက အရင်ကပါ..အခုဖူးက အမတို့ညီမလေးတို့နဲ့တန်းတူဖြစ်သွားပြီလေ..တို့တွေကအတူတူပဲကို မြှောက်မနေကြပါနဲ့တော့ရှင်တို့ရယ်"
ဖူးသစ္စာလှိုင်စကားကြောင်းအားလုံးကရယ်ကြသည်...ဘယ်လိုပဲအလုပ်သမားလို့ပြောပြောအရင်ကသူ‌ဌေးသမီးဖြစ်ခဲ့တဲ့အတွက် ဂုဏ်မာန်မာနကတော့ကျန်သေးမှာပဲလေ...ဒါပေမဲ့ ဖူးသစ္စာလှိုင်မှာတော့ အဲ့လိုမဟုတ် ဒါ့ကြောင့်အကုန်လုံးက ခဏလေးနဲ့တင်ဖူးသစ္စာလှိုင်ကိုဝိုင်းချစ်ကြခြင်းဖြစ်သည်...

"ကယ်ကယ် ကလေးတွေ ညလည်းမိုးချုပ်နေပြီ အိပ်ကြတော့လေ မနက်ကျရင်ဖူးလေးက အလုပ်စလုပ်ရမှာဆိုတော့ စောစောအိပ်ပါစေ ညဉ်းတို့လည်း အလုပ်လုပ်ရမှာကိုစောစော
အိပ်ကြတော့"

"ဟုတ်ကဲ့ပါကြီးကြီး မမဖူး good nightပါ"

"Good nightပါရှင့်"
_______
"ဟုတ်ကဲ့ပါ ပါးပါး သမီးအဆင်ပြေပါတယ် စိတ်မပူနဲ့နော်...ဟုတ် ပါးပါးလည်းကျန်းမာရေးဂရုစိုက်နော်..ဟုတ်ကဲ့ အာ့ဆို ဒါပဲနော်ပါးပါး "

ဖူးသစ္စာလှိုင်တစ်ယောက်ဦးကောင်းသန့်နဲ့ စကားပြောပြီးဝရံတာကို ထွက်လာတဲ့အချိန်..
လရောင်အောက်ကထိုအမျိုးသမီး...တင်လောက်ထိရှိသည့် နက်မှောင်လှသော ဆံနွယ်လေးတွေကို မစီးထားပဲ ချထားကာ...အမြဲတမ်းမြန်မာဝတ်စုံဝမ်းဆက်‌တွေကိုပဲဝတ်ဆင်တတ်သောအမျိုးသမီး..တိုက်ခတ်လာသော လေလေး‌တွေကြောင့် ထဘီစလေး‌ဟာ လွင့်လွင့်သွားပြီး ပေါ်ပေါ်လာသောခြေသလုံးဖြူဖြူလေး နက်မှောင်ပြီးအုံထူလှသောဆံနွယ်လေးတွေကလည်းလေထဲမှာတလွင့်လွင့် တစ်ချက်တစ်ချက်လေကြောင့်ရရလာသော shampooအနံ့လေးဟာ စွဲမက်ချင်စရာ..လက်ချောင်းသွယ်သွယ်လေးတွေနဲ့စာအုပ်လေးတစ်အုပ်ကိုကိုင်ထားကာ ဝရံတာမှာဟိုလျှောက်ဒီလျှောက်နဲ့စာအုပ်ဖတ်နေတဲ့ထိုအမျိုးသမီးရဲ့ပုံဟာ ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပင် ပြီးပြည့်စုံပြီးအလွန်ကိုလှပလွန်းသည်။
ဖူးသစ္စာလှိုင်တို့အိမ်ရဲ့ဝရံတာနဲ့ ဒေါ်ခတ္တာမေအခန်းရဲ့ဝရံတာဟာ တစ်‌ယောက်နဲ့တစ်ယောက်စကားလှမ်းပြောလို့ရတဲ့အထိ နီးကပ်လွန်းသည်..စာအုပ်ထဲကိုစိတ်နှစ်ပြီးဖတ်နေတာကြောင့် ဖူးသစ္စာလှိုင်ငေးနေတာကိုဒေါ်ခတ္တာမေတော်တော်နဲ့မသိသေး...စာအုပ်ဖတ်နေရင်းတစ်ယောက်ယောက် ကြည့်နေသည်ဟု ခံစားရတာကြောင့်ဘေးပတ်ပတ်လည်ကို ခေါင်းလေးဝေ့ရင်းလိုက်ကြည့်လိုက်သောအခါ တွေ့ပါပြီ ‌မေးထောက်ပြီးတော့ကို ပြုံးပြုံးကြီးကြည့်နေတဲ့ထိုကလေးမကြောင့်...

"မြတ်နိုးရပါသောအန်တီ့ရဲ့အသက်" ("မြတ်နိုးရပါသောအန်တီ့ရဲ့အသက်")Where stories live. Discover now