Part - 40 (Z+U)

4.6K 699 18
                                    


🍼 ဘယ်သူကမင်းနဲ့ ညီအစ်ကိုဖြစ်ချင်နေလို့လဲ|Uni


ဟယ်ကျိုးက ခုံပေါ်မှီထိုင်လိုက်ကာ ၊ရှပ်အကျီကို ဘေးဖက်ပစ်ထုတ်လိုက်တယ်။

အလုံပိတ်ထားသော လျှောတံခါးအတွင်းမှ ရေကျသံများ၏ တတောက်တောက်မြည်သံက သူ့နားထဲသို့ လွင့်ပျံလာသော်လည်း၊ သူ့စိတ်ထဲတွင် ပုံဖော်နေမိသည်မှာ သူ့ရှေ့ကလူ၏ ရေချိုးနေသည့် ပုံပန်းသဏ္ဌာန်မဟုတ်ဘဲ ထိုသူ၏ မြင်းအား စိတ်အားထက်သန်စွာ စီးနင်းနေသည့်ပုံသဏ္ဌာန်သာဖြစ်သည်။သူဟာ ခေါင်းကို မော့လို့၊ ရင်ကိုလည်း ကော့လို့ထားပြီး ပြုံးလို့နေသည်။ မြင်းတစ်ကောင်နှင့်အတူ ပြုံးနေခဲ့တဲ့ တောက်ပသည့် ပုံရိပ်လေး ဖြစ်သည်။

ချိယွီ နှစ်​​ယောက်စလုံးကလုံးဝကို မတူညီသူများဖြစ်သည် ။

သူထိုအရာကိုသိထားပြီးဖြစ်သော်လည်း ၊ ဒီနေ့မှာတော့ ပိုလို့ ကွဲကွဲပြားပြားသိလာရသည်။

သူ့ရဲ့ မျက်တောင်ရှည်များက အောက်သို့ကျသွားကာ၊ သူ့အကြည့်တွေက ဖြန့်လို့ထားတဲ့ သူ့ရဲ့လက်ဖဝါးဆီရောက်ရှိလို့သွားခဲ့တယ်။


ဟယ်ကျိုး က ခြောက်သွေ့နေသော သူ့ရဲ့ လက်ချောင်းထိပ်များကို ညင်သာစွာ ပွတ်လိုက်ရာ၊ မထင်မှတ်ဘဲ အနီရောင် နားရွက်များနှင့် နူးညံ့သော လက်ဖဝါးများကို သူ သတိရမိသွားခဲ့တယ်။ ထိုအချိန်က၊ ချိယွီမှာ သူ့ရှေ့တွင် နာခံမှုရှိရှိ ရပ်နေခဲ့တာဖြစ်သည်။


သို့သော်၊ သူ မြင်းပေါ်ရောက်သွားတာနဲ့ ပုံစံက ပြောင်းလဲသွားခဲ့ပြန်သည်။


မြင်းရဲ့ကျောပေါ်ထိုင်ကာ သူ့ကို ငုံ့ကြည့်နေပုံက၊ တောက်ပ၍မောက်‌မာပုံပေါ်လို့နေကာ တစ်ကမ္ဘာလုံးက သူ့ရဲ့ခြေထောက်အောက်ရောက်နေသကဲ့သို့ပါပင်။


ဟယ်ကျိုးရဲ့ မျက်လုံးများက တဖြည်းဖြည်း နက်မှောင်လာပြီး သူ့ရဲ့ အာဒမ်ပန်းသီးများကလည်း လှုပ်ရှားလို့သွားခဲ့တယ်။

သူ့မျက်လုံးထဲက အကြည့်တွေကို အနိုင်ရယူချင်စိတ်တွေက လှုံ့ဆော်ပေးလို့နေတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now