Part - 41 (Z+U)

4.8K 697 12
                                    


🍼 ဒါ အကောင်ပေါက်လေးရဲ့အသံလား!|Uni

သူ့နှလုံးသားထဲမှာ မြှုပ်လို့ထားတဲ့ မီးပွားတွေက တဟုန်းဟုန်းတောက်လောင်လို့လာပြီး မီးတောက်က သူ့ကိုယ်ထဲက သွေး‌ကြောများမှတဆင့် ခြေတွေလက်တွေဆီ ချက်ချင်းပျံ့နှံ့လို့သွားခဲ့တယ်။

အဖြူရောင် အသားရည်လေးဟာလဲ အနည်းငယ် ပန်းရောင်သန်းလို့သွားကာ စိတ်ဖောက်ခြင်းကလည်း ပြန်လည်သက်သာလာရာမှ ထပ်မံဖြစ်ပွားလာခဲ့ပြန်သည်။ ချိယွီရဲ့စိတ်က ဗလာကျင်းလို့သွားခဲ့ကာ နှစ်သိမ့်မှုနဲ့ ပျော်ရွှင်ကြည်နူးခြင်းကလွဲလို့ ဘာမှမခံစားရတော့ပေ။

စိတ်ရှုပ်စရာကောင်းလောက်အောင် ယားယံနေမှုကလည်း နောက်ဆုံးတော့ ကုတ်ခြစ်ပေးမယ့် တစ်စုံတစ်ယောက်ပေါ်လာခဲ့ပေပြီ။ သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ချင်မိသည်။

သို့သော် သူ့နှုတ်ခမ်းသားတွေက ပိတ်ဆို့ထားခံရပြီး၊ သူ့လက်တွေဟာလည်း ကျောပြင်ကျယ်ကြီးကို ဆုပ်ကိုင်ထားမိရင်း သန့်ရှင်းသွယ်လျတဲ့ ခြေချောင်းတွေကို ကွေး‌ကောက်လို့ထားမိကာ မြေပြင်ပေါ်ရှိ ကြွေပြားတွေကို ပြင်းပြင်းထန်ထန် ရိုက်ချနေမိသည်။

လှပတဲ့မျက်ဝန်းလေးတွေက ကျဉ်းမြောင်းလို့သွားကာ၊ ချိယွီတစ်ယောက် မောဟိုက်လို့လာခဲ့တော့တယ်။

ရေချိုးခန်းတံခါး ပိတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ရေချိုးခန်းအတွင်းရှိ အပူချိန်ကတော့ ကျဆင်းသွားခြင်း မရှိပေ။

စိုစွတ်ထိုင်းမှိုင်းနေသော ရေမှုန်အမွှားများက နမ်းနေကြသော လူနှစ်ယောက်၏ ပတ်ပတ်လည်တွင် တဝဲလည်လည် ရစ်သိုင်းလို့နေကာ ခြောက်သွေ့နေသော ဟယ်ကျိုးရဲ့ ဘောင်းဘီကလည်း အနည်းငယ် စိုစွတ်လာပြီး အရောင်သည် တဖြည်းဖြည်း မှောင်လာပြီး ပို၍ သက်တောင့်သက်သာ ဖြစ်လာကာ အနည်းငယ်သော တုံ့ပြန်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့နေသည်။

ဟယ်ကျိုးက အနမ်းထဲသို့နက်နက်ရှိုင်းရှိုင်းဝင်ရောက်လို့နေကာ၊ သူ့ရဲ့လက်ကိုလည်း ချိယွီရဲ့ ဦးခေါင်းနောက် အားသုံးဖိကာကိုင်လို့ထားတယ်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now