Part - 42 (Z+U)

7.8K 730 41
                                    


🍼 မင်းက အရမ်းပိန်လွန်းတယ်|Uni

ဧည့်ခန်းထဲမှာတော့ ယွီကျိုးလေးတစ်ယောက် ဟယ်ရှောင်းရဲ့လက်ထဲရောက်နေပြန်လေပြီ။

"Ahhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhhh!"

သူက ခြောက်သွေ့စွာအော်ဟစ်နေရင်း သူ့မျက်နှာကိုလည်း ရှုံ့တွလို့ထားတယ်။ သူအော်လိုက်တာနဲ့၊ သူ့နားထဲမှာ ဘာလှုပ်ရှားသံမှမကြားရသည်ကို သိလိုက်ရတာကြောင့် ပါးစပ်ကိုပိတ်လိုက်ကာ ကိုင်ထားသည့်လူကို တစ်ချက်ကြည့်ရန် မျက်တောင်ခတ်လိုက်တယ်။

ဟယ်ရှောင်းက သူ့ကို မျက်မှောင်ကြုံ့ကြည့်ရင်း : "ကောင်လေး မလုပ်--"

သူထိုသို့ပြောလိုက်တာနဲ့ ယွီကျိုးလေးက အချက်ပြမှုကိုလက်ခံရရှိလိုက်သလိုမျိုး ခေါင်းကိုခါယမ်းရင်း ပါးစပ်ကိုပြန်ဟကာ ဟန်ဆောင်ငိုပါတော့တယ်။

သူ့ဘေးမှာ တီဗွီကြည့်ရင်းထိုင်နေတဲ့ ဟယ်ကျောင်းက ငိုသံကြောင့် သူတို့ဆီ တစ်ချက်ကြည့်လာပြီး : "အဖေ၊သူက အဖေ့စကားကိုနားမထောင်ချင်ပုံဘဲ"

ဟယ်ရှောင်းက တုံ့ပြန်လာခဲ့တယ်။"သူက ငါဘာပြောလည်းနားတော့လည်ပြီး နားထောင်ဖို့ကျငြင်းဆန်နေတယ်။ ဒီလို စိတ်ဘောထားမျိုးက တော်တော်ဒေါသထွက်စရာဘဲ!"

ဟယ်ကျောင်းက ဆိုဖာပေါ်မှီကာ၊ချယ်ရီသီးစားရင်း ပျင်းရိစွာ သက်ပြင်းချလိုက်တယ်။"သူကဘယ်နှနှစ်မို့လို့လဲ ? အဖေ သူ့ကိုတစ်ယောက်ထဲ ကစားခိုင်းလိုက်လို့မရဘူးလား?"

ရှောင်ကျိုးလေးက ကန်ပြီးရင်း ကန်နေကာ၊ လက်ညှိုးသေးသေးလေးဖြင့်လဲ ဧည့်ခန်းထဲကပုခက်ကို ညွှန်ပြရင်း နှစ်ခါ "Ahhhh!" လို့အော်ဟစ်နေပြီး ဟယ်ကျောင်းကို သံယောင်လိုက်‌ပြနေပုံပင်။

ဟယ်ရှောင်းက မတုန်မလှုပ်ဖြင့် : "ငါသူနဲ့စတွေ့မှတော့ ကောင်းကောင်းသင်ပေးရတော့မှာပေါ့"

ထို့နောက် "တစ်ယောက်ငိုပြီး တစ်ယောက်က တိတ်‌နေကာ၊ တစ်ယောက်က မငိုအောင် သတိပေးနေသည့်" mode သို့ ဝင်သွားတော့သည်။ ဧည့်ခန်းထဲတွင် သာယာညင်သာသော အသံလေးက ပြည့်နှက်လို့သွားသည်။

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now