<Unicode>
ဒီနေ့မေမေနဲ့ဖေဖေကစစ်သွေးအားထမင်းစားရန်ဖိတ်စေတာကြောင့်အလင်းဖုန်းဆက်ကာလှမ်းဖိတ်လိုက်ရသည်။တီ တီ
အပြင်ဘက်မှကားသံကြောင့်စစ်သွေးရောက်လာပီမှန်းသိတာကြောင့်ထွက်ကြိုလိုက်သည်။
"ကိုကို"
"အသက် ကိုကိုနောက်ကျသွားလား"
"ဟင့်အင်း အချိန်ကွက်တိပဲ လာမေမေတို့အထဲမှာရှိတယ်"
"အင်း"
အိမ်ထဲသို့ဝင်လိုက်တော့ဧည့်ခန်းမှာထိုင်နေတဲ့ဖေဖေနဲ့မေမေကသူတို့လာတာတွေ့တော့ပြုံးပြလာသည်။
"ဖေဖေ မေမေ သူကစစ်သွေးတဲ့သားရဲ့ချစ်သူပါ"
"တွေ့ရတာဝမ်းသာပါတယ် အန်တီနဲ့အန်ကယ်"
"အေး အေး သားပြောပြထားလို့မောင်စစ်သွေးရဲ့အကြောင်းကိုသိထားပီးပါပီ အန်ကယ်တို့ကလဲတွေ့ရတာဝမ်းသာပါတယ် လာ လာ ထမင်းစားရင်းပြောကြတာပေါ့ အန်ကယ့်သမီးကြီးက မောင်စစ်သွေးလာမယ်ဆိုလို့မနက်ကတည်းကမီးဖိုထဲမှာသူကိုယ်တိုင်ချက်ပြုတ်နေတာ"
"ဟုတ်ကဲ့ဗျ"
အလင်းတို့ထမင်းစားခန်းထဲဝင်လိုက်ကာအသီးသီးနေရာယူလိုက်သည်။စစ်သွေးကအလင်းနဲ့မျက်နှာချင်းဆိုင်ထိုင်နေပီးသက်ထားကတေယ့အလင်းဘေးမှာထိုင်နေသည်။အဖေနဲ့အမေကစားပွဲရဲ့ထိပ်ဆုံးမှာနေရာယူထားကြသည်။
"မောင်စစ်သွေး ဒါကအန်တီတို့ရဲ့သမီးကြီးသက်ထားတဲ့"
"တွေ့ကတာဝမ်းသာပါတယ်မသက်ထား"
"အမလဲဝမ်းသာပါတယ် ဒီကငါ့မောင်ဘာကြိုက်တတ်မှန်းမသိတော့ အဆင်ပြေတာပဲချက်ထားပေးတာ စားလို့ဖြစ်ရဲ့လား"
"ရပါတယ် ကျနော်ကဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"
"လင်း ဒီမှာလင်းကြိုက်တဲ့ပုဇွန်ဆီပြန်လေးချက်ထားပေးတယ်"
"ကျေးဇူးပါ မမ"
"အဲ့တာသာကြည့်တော့မောင်စစ်သွေးရေ သမီးကြီးကသားငယ်ကိုအရမ်းချစ်တာ နေ့တိုင်းသားငယ်ကြိုက်တာလေးတေကိုချက်ကျွေးလိုက်ရမှ"
![](https://img.wattpad.com/cover/312159391-288-k474011.jpg)
ESTÁS LEYENDO
Love System (Completed)
No FicciónLGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... Start date -8.6.2022 End date -15.7.2022