ရှားမစ်(Arc -5.7)(end)

15.7K 994 24
                                        

<Unicode>
​ခေါင်မိုးအစွန်းသို့ရောက်တော့ချထားတဲ့ကြိုးကိုဖမ်းဆွဲလိုက်သည်နှင့်တပြိုက်နက်ရဟတ်ကမောင်းထွက်သွားတာကြောင့်ပါလာသည့်zombieများကခေါင်မိုးထက်မှတဖြုတ်ဖြုတ်ပြုတ်ကုန်တော့သည်။ထို့နောက်ရှားမစ်ကခွန်းထစ်အားအပေါ်တက်ရန်ကူညီပေးလိုက်သည်။

"အ့!"

ရဟတ်ပေါ်ရောက်သည်နှင့်ခွန်းထစ်ကရှားမစ်ရဲ့လက်ကိုဆွဲကာတင်းကြပ်နေအောင်ဖက်လိုက်ပီး...

"ကိုယ့်ကိုထားခဲ့ချင်နေတာလားအသက်!"

"အ့ နာတယ်"

"မင်းကကိုယ့်အပိုင်ပဲအသက်!"

အတင်းဖက်ထားတာများရှားမစ်ရဲ့ခါးကဂျွတ်ကနဲမည်မှလွှတ်ပေးတော့သည်။

"အကျင့်မကောင်းတဲ့လူ!ဘယ်သူအရင်ထားခဲ့ဖို့လုပ်တာလဲပြော!ခဗျားမရှိကျနော်အသက်ဆက်ရှင်နိုင်မယ်ထင်နေလို့ အနစ်နာခံဖို့လုပ်တာလားဟမ်!! ခဗျားကကျနော်ကိုတကယ်ချစ်တာမှဟုတ်ရဲ့လား အီးဟီး"

"မငိုပါနဲ့အသက်ရယ် ကိုယ်မှားပါတယ် အားလုံးကိုယ့်အမှားတေပါ တောင်းပန်ပါတယ် မငိုနဲ့နော်"

"အင့် အင့်"

ငိုတာကိုရပ်လိုက်ပေမယ့်ရှိုက်သံလေးတေထွက်နေသေးတဲ့ချစ်ရသူလေးကဘယ်လောက်တောင်ဝမ်းနည်းသွားမလဲ။ရှိုက်သံလေးတေပျောက်သွားစေရန်လှုပ်ခတ်နေတဲ့နှုတ်ခမ်းလေးကိုငုံ့နမ်းလိုက်သည်။ခနအကြာမှလွှတ်ပေးလိုက်ပီး...

"ချစ်တယ် အသက်"

"အသက်ကပိုချစ်တာ"

"ကိုကိုကအသက်ကိုအချစ်ဆုံး"

အချစ်စမ်းနေကြတဲ့အတွဲလေးအားကျန်တဲ့သူများကမသိချင်ယောင်ဆောင်ထားပေးလိုက်ကြသည်။ထိုအချိန်...

"အစ် ဂီး ဂစ်"

အသံထွက်ရာဆီသို့အားလုံးအကြည့်ရောက်သွားတော့..

"လူမီနာ!"

လူမီနာဟာလည်ပင်းတစ်လျှောက်အမည်းရောင်သွေးကြောများထွက်ပေါ်လာသည်။ထို့နောက်သူမရဲ့လက်များကလည်ပင်းကသွေးကြောများကိုကုပ်ဖဲ့နေတော့သည်။အားလုံးကလန့်ဖြန့်ပီးသူမအနားမှာဖယ်လိုက်ကြသည်။လည်ပင်းအားကုပ်နေသည့်လက်ကိုကြည့်လိုက်မိတော့လက်သည်းရာအစင်းများကိုတွေ့လိုက်သည်။ထိုဒဏ်ရာမှအပုပ်နံ့ထွက်နေသည့်သွေးများအဆက်မပြတ်စီးကျလာပီးအနက်ရောင်သွေးကြောများလဲရှိနေသည်။

Love System (Completed)Donde viven las historias. Descúbrelo ahora