<Unicode>
"အဲ့အတွက်စိတ်မပူပါနဲ့အန်တီ ကျနော်ကသူ့စကားတစ်ခွန်းကိုအမိန့်လို့သတ်မှတ်ထားတဲ့သူပါ"
ထမင်းဝိုင်းဟာတိတ်ဆိတ်သွားကာဘယ်သူမှစကားထပ်မပြောဖြစ်ကြတော့ပေ။အဖေရောအမေရောသက်ထားပါမျက်နှာပျက်နေကြပေမယ့်ဘာမှတော့ထုတ်မပြောကြ။စားသောက်လို့ပီးတော့အဖေနဲ့အမေဟာချက်ချင်းထထွက်သွားကြသည်။သက်ထားကတော့ပန်းကန်တေသိမ်းနေတာကြောင့်ကူသိမ်းပေးဖို့ပြင်လိုက်တော့..
"ရတယ်လင်း မမပဲသိမ်းလိုက်မယ် ဧည့်သည်ကိုပြန်ပို့ပေးလိုက်အုံး"
"ဟုတ်"
"လင်း!"
"ဟင်"
"ခုနကဖေဖေနဲ့မေမေပြောတာကိုစိတ်ထဲမထားနဲ့နော် မမကမောင်လေးကိုချစ်တာသိတယ်မလား"
"ဟုတ် ကျနော်သိပါတယ်"
"အင်း လိုက်ပို့လိုက်အုံးနော်"
"ဟုတ်"
အိမ်ရှေ့တွင်စစ်သွေးကရပ်စောင့်နေတာကြောင့်အလင်းမြန်မြန်သွားလိုက်သည်။
"ကိုကို လင်းခြံဝထိလိုက်ပို့ပေးမယ်နော်"
"အသက်"
"ဟင်"
"ကိုကိုတို့အမြန်လက်ထပ်ကြရအောင်နော်"
"မလောပါနဲ့ကိုကိုရယ် အချိန်တေရှိပါသေးတယ်"
"ကိုကိုမစောင့်နိုင်တော့ဘူး တစ်ရက်ထက်တစ်ရက်ကိုကိုအသက်ကိုချစ်တဲ့အချစ်တေကတိုးလာတယ် ကိုကိုမင်းကိုဆုံးရှုံးရမှာကြောက်တယ် မြန်နိုင်သမျှမြန်မြန်လက်ထပ်ချင်တယ် ကိုကိုမင်းကိုအရမ်းချစ်တယ် ကိုကို့ကိုချစ်တယ်မလားဟင်"
ဒီရက်တေအတွင်းမှာအလင်းသူ့ကိုစိတ်မဝင်စားဘူးလို့ပြောရင်လိမ်ရာကြမှာပေါ့။ဘယ်သူ့ကိုမှရင်မခုန်ခဲ့ဖူးတဲ့သူကဒီလူကိုစတွေ့တဲ့နေ့မှာပဲနှလုံးသားကအချက်ပြခဲ့သည်။ဒီလူကိုသူချစ်မိသွားပီ။ဒီလူကလဲချစ်ပါတယ်သူယူထားတဲ့ခန္တာကိုယ်ပိုင်ရှင်ကိုပေါ့။သူကတော့ဝင်ကစွတ်ကောင်များလိုဘဝမျိုးပင်။သူများခန္တာကိုယ်ထဲမှာနေပီးသူများချစ်သူကိုလောဘကြီးနေမိပီ။သိပ်မကြာခင်ထွက်သွားပီးနောက်ထပ်ခန္တာကိုယ်တစ်ခုထဲထပ်ဝင်သွားရမဲ့သူ့အဖို့အချစ်ဆိုတဲ့အရာကိုဖန်တီးခွင့်ရှိပါ့မလားဆိုတာမသေချာပေ။
YOU ARE READING
Love System (Completed)
Non-FictionLGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... Start date -8.6.2022 End date -15.7.2022
