အခိရာ(Arc -6.1)

12.4K 937 3
                                    

<Unicode>
"ဟင့်!"

"ဟေ့!မငိုရဘူးလေ"

"အော်တယ်"

"မအော်ပါဘူးဆိုကွာ ok ကိုယ်မှားတယ်ဟုတ်ပီလား"

"အီးး သူများကသူလေးနေမှာဆိုးလို့ဆင်းပေးမလို့ကို အော်တယ် အူးဝါးး"

"ရှူး ရှူး ကိုယ်မှားတာပါ ကိုယ်မှားပါတယ်နော် မငိုနဲ့တော့အသက်ရယ် ခုနကလဲငိုထားတာကိုမျက်လုံးတေနာနေမှာပေါ့"

"ဟင့် ဟင့်"

"ရှူးးး ရှူးး"

ခလေးချော့သလိုပေါင်ပေါ်ကယုန်ဖြူလေးကိုဖင်လေးပုတ်ပေးလိုက်တော့မျက်လုံးလေးစဉ်းကာခနလေးအတွင်းအိပ်ကျော်သွားသည်။ထိုတော့မှမိုရုလဲသက်ပြင်းချလိုက်မိတော့သည်။သူကကြမ်းတမ်းတဲ့သားရဲတစ်ကောင် ဒီဖြူလုံးလေးကနူးညံ့ပီးအသည်းငယ်တဲ့ယုန်လေး အဲ့မှာစတွေ့တာပဲ။

"ဟူးး မင်းလေးနဲ့တော့ခက်ပီအသက်ရယ်"

>>>>>>

အခိရာနိုးလာတော့ကြီးမားတဲ့ကုတင်ကြီးအလယ်မှာတစ်ယောက်ထဲဖစ်နေသည်။ငုတ်တုတ်ထထိုင်ကာအခန်းထဲကိုစပ်စုကြည့်တော့တခန်းလုံးမှာရှိတဲ့ပရိဘောကတေကအရောင်တဖိတ်ဖိတ်တောက်နေပီးတန်ဖိုးကြီးမှန်းသိသာလှသည်။သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့အရင်အဝတ်စားတေမဟုတ်တော့ပဲအပြာနုရောင်ညအိပ်အင်္ကျီလေးဝတ်ဆင်ပေးထားသည်။

"ကိုကိုရော?"

အခိရာကုတင်ပေါ်ကဆင်းဖို့လုပ်တော့ခြုံထားတဲ့စောင်နဲ့ခြေထောက်ကလုံးသွားတာကြောင့်ဟန်ချက်ပျက်ပီးကုတင်အောက်သို့မှောက်ယက်ပြုတ်ချသွားသည်။

ဒုတ်...

"အားရိုး သေပါပီ"

နှဖူးနဲ့ကြမ်းပြင်ဆောင့်မိတာမို့နာကျင်သွားပေမယ့်ချက်ချင်းပြန်ကုန်းထကာမိုရုကိုရှာရန်အခန်းပြင်ထွက်လိုက်တော့အစေခံတစ်ယောက်ကတံခါးရှေ့ရပ်နေသည်။

"သခင်လေး နိုးပီလား"

"ဟုတ်"

"သခင်ကြီးက သခင်လေးနိုးလာရင်သူ့ဆီလာဖို့ပြောထားပါတယ် ကျနော့်နောက်လိုက်ခဲ့ပေးပါ"

Love System (Completed)Where stories live. Discover now