အလင်း(Arc -1.5)

14.7K 1K 16
                                    

<Unicode>
"အင့် ကိုကို!"

ရုတ်တရက်ကုတင်ပေါ်ပစ်တင်ခံလိုက်ရတာကြောင့်ကျောထက်ကအောင့်ကနဲပင်။

"အသက်"

"ဟင်"

"ကိုကို့ကိုချစ်လားဟင်"

"အဲ့တာကိုမဖြေခင် ကိုကို လင်းမေးတာကိုအရင်ဖြေပေး"

"အင်း"

"လင်းကိုဘယ်လိုမြင်လဲဟင်"

"အသက်ကို အသက်လို့ပဲမြင်တယ် ကိုကို့ရဲ့မူပိုင်ရှင်လေး အသက်ဘာကိုတွေးကြောက်နေလဲမသိပေမယ့် ကိုကိုချစ်တာအသက်ကို အသက် ကိုယ်ကမင်းမို့လို့ချစ်တာ မင်းကိုပဲချစ်တာ"

"အသက်လဲ ကိုကို့ကိုချစ်တယ်"

"မင်းကဘယ်သူ့အပိုင်လဲအသက်"

"ကိုကို့အပိုင်ပါ အွန့် အွင်း"

ထိကပ်လာတဲ့နှုတ်ခမ်းတစ်စုံနဲ့အတူမွတ်သိပ်စွာအနမ်းခံလိုက်ရတာကြောင့်အသက်ရှုဖို့ပင်ခက်ခဲလာသည်။ဒါကိုသိသည့်အလားစစ်သွေးကနမ်းနေရာမှခွာပီးလည်တိုင်ဆီသို့ဆင်းသက်လာသည်။ထို့နောက်ညှပ်ရိုးလေးကိုတချက်ကိုက်ကာစုပ်နမ်းလိုက်သည်။လက်များကလဲအငြိမ်မနေပဲအလင်းထဲအင်္ကျီထဲကျူးကျော်လာတာကြောင့်လန့်ကာတွန်းထုတ်လိုက်မိသည်။

"ဘာလို့လဲအသက် ကိုကို့ကိုမလိုချင်လို့်လား"

"အဲ့လိုမဟုတ်ပါဘူး အ အသက်ကြောက်လို့ပါ"

သူ့ဘဝတွင်ထိုကိစ္စများဟာစိမ်းသက်သည့်အရာများသာဖြစ်နေသည်။ပါးပါးတို့ကအနေထိုင်မသိုဝှက်ပေမယ့်ထိုကိစ္စတေလောက်ထိတော့အနေထိုင်မပက်စက်ပါ။သူ့ရှေ့မှာနမ်းနေရင်တောင်သူကလှည့်ထွက်သွားမြဲမို့အရာအားလုံးကသူနဲ့အကျွမ်းတဝင်မရှိ။

"sorryကိုကိုအရမ်းလောသွားတယ်ကွာ မကြောက်နဲ့တော့နော်"

အလင်းရဲ့နှဖူးလေးအားနမ်းလိုက်ကာရင်ခွင်ထဲထည့်ကာဖက်ထားတော့သည်။အတော်ကြာသည်အထိဘာစကားမှမပြောဖြစ်ကြပဲအနွေးဓာတ်ချင်းမလှယ်ကာတစ်ယောက်ကိုယ်သင့်ရနံ့များကိုတစ်ယောက်ရှူရှိုက်ကာနေတော့သည်။

"ကိုကို"

"ဗျာ"

"အသက်တို့ပြန်ရအောင် မေမေတို့လဲစိတ်ပူနေရောပေါ့"

Love System (Completed)Donde viven las historias. Descúbrelo ahora