<Unicode>
"ဒါကဒီလအတွင်းရှယ်ယာတိုးတက်နှုန်းပါ ဒါကတော့ပျမ်းမျှဝင်ငွေပါ ကတိအတိုင်းဒီသုံးလအတွင်းကုမ္မဏီကိုအောင်မြင်အောင်လုပ်ပေးပီးပါပီ"ရောင်နီ ရာဇာပြပေးတဲ့လက်ပ်တော့ကိုယူကြည့်ကာခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေသည်။လွမ်းနဲ့အသက်ကလဲဘေးတွင်ထိုင်နေပီးအကဲခတ်နေသည်။ရောင်နီသည်ထိုကောင်လေးကဉာဏ်ရည်ထက်မြတ်ပီးစွမ်းဆောင်မှုအားကောင်းတာကြောင့်အောင်မြင်မယ်ဆိုတာသိပေမယ့် ခုလောက်ထိကြီးတရှိန်ထိုးအောင်မြင်သွားမယ်လို့တော့မထင်ခဲ့မိ။
"အဲ့တာဆိုအသက်ကိုကျနော်နဲ့သဘောတူပီလားဗျ"
လက်ပ်တော့ကိုစိုက်ကြည့်ကာ စဉ်းစားနေတဲ့ရောင်နီကြောင့်ရာဇာစိတ်မရှည်တော့ပဲ...
"ဒါတောင်သဘောမတူဘူးဆိုရင် ကျုပ်သူ့ကိုခိုးပဲပြေးလိုက်တော့မယ် အမှန်ဆိုအစထဲကခိုးပြေးချင်တာအသက်စိတ်ဆင်းရဲရမှာဆိုးလို့မလုပ်တာ"
"မင်းကိုငါသဘောမတူဘူးလို့လဲမပြောရသေးဘူး!တကယ်ပဲ ဖြစ်ပျက်နေတာ ယူ!ယူ!ငါသဘောတူတယ်"
"တကယ်လား!ကျေးဇူးပါအန်ကယ် ! လာ အသက် ကိုယ်နဲ့လိုက်ခဲ့တော့"
လွမ်းသွေးလက်ကိုလှမ်းဆွဲကာပြောလာတာကြောင့်...
"ဟေ့ကောင်!ဘယ်ကိုလိုက်ခိုင်းနေတာလဲ ငါမျက်စိနောက်လာရင်သဘောတူထားတာပြန်ရုတ်သိမ်းပစ်မှာနော်!"
"ကျနော်မစောင့်နိုင်တော့ဘူး ဖြစ်နိုင်ရင်အခုချက်ချင်းကိုလက်ထပ်ချင်တာ သုံးလကြီးများတောင်စောင့်ပီးပီလေဗျာ အန်ကယ်ဆိုပါးပါးနဲ့သုံးလခွဲရမယ်ဆိုခွဲနိုင်လို့လား"
"မင်းတို့ကိုငါပေးမတွေ့လို့လား နေတိုင်းချောင်းပေါက်မတတ်လာနေပီးတော့များ!"
"မတူဘူးလေဗျာ တရားဝင်မပိုင်ဆိုင်ရသေးတော့မလွတ်လပ်ဘူးလေ ပီးတော့ကျနော်တို့ခနလေးအတူရှိလိုက်တာနဲ့အန်ကယ်ကလာလာရှုပ်နေပီးတော့"
"မင်းကဘာတေလုပ်ချင်သေးလို့လဲ ဟမ်!"
"အန်ကယ် ပါးပါးကိုဘာတေလုပ်ချင်လဲ အဲ့အတိုင်းပဲကျနော်လဲလုပ်ချင်တာပေါ့"
YOU ARE READING
Love System (Completed)
Non-FictionLGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... Start date -8.6.2022 End date -15.7.2022