real life

12.2K 900 14
                                    

<Unicode>
တပတ်!တပတ်ရှိပီ...

လွမ်းသွေး ကိုကိုရှိနိုင်မယ်ထင်တဲ့နေရာတေကိုလိုက်ရှာပေမယ့်အရိပ်ယောင်တောင်မတွေ့။လူသန်းပေါင်းများစွာရှိနေတဲ့အထဲကမှ တစ်ယောက်သောသူကိုလိုက်ရှာရတာထင်သလောက်မလွယ်။နေရာမသိ၊လိပ်စာမသိ နမည်တစ်လုံးထဲသာသိရပီးလိုက်ရှာဖို့ကကောက်ရိုးပုံထဲအပ်ပျောက်ရှာသလိုပင်။ကြာလာတော့ လွမ်းသွေးစိတ်ဓာတ်ကျလာသည်။

"ကိုကိုဘာလို့အသက်ကိုလာမရှာရတာလဲ အသက်ကိုမချစ်တော့လို့လား ကိုကို့ကိုအရမ်းလွမ်းတယ် အသက်ကိုလာရှာပါတော့ ဟင့် ဒီနေ့နောက်ဆုံးပဲ ဒီနေ့မှကိုကို့ကိုမတွေ့ရရင်အသက်ဆီဘယ်တော့မှမလာနဲ့တော့ အသက်စိတ်မရှည်တတ်တာသိတယ်မလား!"

တစ်ယောက်ထဲအခန်းထဲတွင်အော်ဟစ်ကာပေါက်ကွဲနေတော့သည်။ထိုအချိန်...

ဒေါက် ဒေါက်

"သွေး ဘာဖြစ်နေတာလဲ"

"ဘာ ဘာမှမဖြစ်ပါဘူး ပါးပါး"

"ဘာမှမဖြစ်ရင်အောက်ခနဆင်းလာပါလား အောက်မှာသားနဲ့တွေ့ချင်လို့တဲ့"

"ဘယ်သူကလဲ"

"ပါးပါးလဲမသိဘူး သားကိုယ်တိုင်ဆင်းကြည့်ပေါ့"

"ဟုတ် လာပီပါးပါး"

နှုတ်ခမ်းကိုစူပုတ်ကာအောက်ထပ်သို့ဆင်းကြည့်လိုက်တော့ဧည့်ခန်းတွင်ထိုင်နေတဲ့လူတစ်ယောက်။ဒယ်ဒီကထိုလူကိုမျက်မှောင်ကျုံ့ကာကြည့်နေလေသည်။

"ဘယ်သူလဲမသိဘူး"

လွမ်းသွေးမေးလိုက်တော့ထိုလူကသူ့အားလှည့်ကြည့်လာသည်။

*ကိုကို!*

"ကိုယ့်ကိုမှတ်မိတယ်မလား အသက်"

"ကိုရက်ရာဇာ"

"အဟင်း မှတ်မိတာပဲဘဝင်တောင်မြင့်ချင်သွားတယ်"

လွမ်းသွေးကရာဇာနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပီးပါးပါးကတော့ဒယ်ဒီ့ဘေးဝင်ထိုင်လေသည်။

"ကျနော်အခုလိုလာရတာက ဒီကဦးရောင်နီသွေးနဲ့ဦးလွမ်းသက္ကရာဇ်တို့ရဲ့သားကိုမေတ္တာရှိတာကြောင့်လာတောင်းရမ်းတာပါ"

Love System (Completed)Where stories live. Discover now