System Space

18.1K 1K 3
                                        

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -45

တတ်မြောက်မှုပညာ -အဆိပ်ပညာ၊သူနာပြု

(နောက်ကမ္ဘာအတွက်သင်ရမှာကတူရိယာပါ ရှေ့တံခါးကနေဝင်သွားပါ)

4နှစ်ခန့်ကြာသော်.....

(ကြိုဆိုပါတယ် host နောက်ကမ္ဘာပို့ရတော့မလား)

(အင်း)

စတင်ပို့ဆောင်နေပါပီ 3.2.1

"ဟွာယောင်း နင် ဟွာယောင်းမဟုတ်လား!"

"......"

"ဟုတ်ပါတယ် နင်ပါ ဟဲ့ ငါနာရာလေ နင်မမှတ်မိဘူးလား"

"ဟို.... "

"အမလေး နင်ကငါ့ကိုစိတ်နာသွားလို့မမှတ်မိချင်ယောင်ဆောင်မလို့လား မရဘူး နင့်ရဲ့ပေါကြောင်ကြောင်ရုပ်ကိုငါခွေးချီသွားရင်တောင်မှတ်မိတယ်"

"ချစ်လေး ဘယ်သူလဲ"

"ကို လာအုံး ဒီမှာဘယ်သူလဲလာကြည့်ပါအုံး"

"ဘယ်သူလဲ ဟင်!ဟွာယောင်း ဟွာ​ယောင်းမလား"

"ဟုတ်တယ်ဆို"

"ဒါဆိုဟွာယောင်းကသားကိုစန္ဒရားတီးသင်ပေးဖို့လာလျှောက်တာပေါ့"

"အချစ်ကတော့ သူကို့ကိုတွေ့ချင်လို့တမင်အလုပ်လာလျှောက်ချင်ယောင်ဆောင်တာလို့ထင်တယ် အဟင်း ဟင်း"

"အချစ်ကလဲကွာ စမနေနဲ့တော့"

"အင်းပါမစတော့ဘူး ဟဲ့ဟွာယောင်း နင်မနက်ဖြန်ကစပီးလာသင်လို့ရပီသိလား ငါအလုပ်ခန့်လိုက်ပီ"

"အင်း ကျေးဇူး"

အလုပ်ရပီဆိုတော့သူလဲထိုနေရာမှမြန်မြန်ပြန်သွားတော့သည်။

(bunnyဇာတ်ကြောင်းပြော)

(ဟုတ်)

ဇာတ်ကြောင်းက......

ဇာတ်လိုက်နာမည်ကဟန်ဂျီမင်း။ဇာတ်လိုက်မကနာရာ။သူကတော့ဟွာယောင်း။သူတို့သုံးယောက်ကသူငယ်ချင်းတေဖြစ်ပီးတော့။ဟွာယောင်းကဇာတ်လိုက်နဲ့ချစ်သူတေ။ဇာတ်လိုက်နဲ့ဇာတ်လိုက်မကစီနီယာတန်းဖြစ်ပီးသူ့ထက်၅နှစ်ကြီးတယ်။ဟွာယောင်းကဇာတ်လိုက်ကိုအရမ်းချစ်တာ။ဒါကိုလဲတစ်ကျောင်းလုံးကသိကြတယ်။ကျောင်းပီးတဲ့အထိဇာတ်လိုက်နဲ့ဟွာယောင်းကတွဲဖြစ်ကြပီးတစ်ရက်မှာသတင်းဆိုးကရောက်ချလာသည်။ဇာတ်လိုက်နဲ့ဇာတ်လိုက်မကလက်ထပ်တော့မည်တဲ့။ဟွာယောင်းကဘာကိုမှနားမလည်နိုင်တော့ပေ။သူနဲ့ဇာတ်လိုက်ကမပြတ်ပေးပေမယ့်ဇာတ်လိုက်ကဇာတ်လိုက်မနဲ့လက်ထပ်ဖို့ဖိတ်စာတောင်လာပို့သည်တဲ့လေ။သူလဲနားမလည်နိုင်စွာပင်မင်္ဂလာပွဲကိုတက်ရောက်ရတော့သည်။အဲ့မှာသိလာတာကဇာတ်လိုက်နဲ့ဇာတ်လိုက်မကတွဲတာ၂နှစ်ရှိပီတဲ့။သူနဲ့တွဲခဲ့တဲ့တစ်လျှောက်မှာ၂နှစ်ဆိုတဲ့အချိန်ကိုသူမသိအောင်တွဲလိုက်ကြသည်တဲ့လေ။ဟွာယောင်းလဲအချစ်ဦးကိုအချစ်ဆုံးသူငယ်ချင်းထံပေးလိုက်ရတာမို့စိတ်မကောင်းဖြစ်မိပေမယ့်ဘာမှတော့ထုတ်မပြောခဲ့ပေ။

Love System (Completed)Where stories live. Discover now