<Unicode>
ပါးပါးဆီမှတရားဝင်ခွင့်ပြုချက်ရပီးနောက်ရာဇာဟာလွမ်းသွေးတို့အိမ်ကိုချောင်းပေါက်မတက်ဝင်ထွက်နေတော့သည်။ဒယ်ဒီဆီမှခွင့်ပြုချက်ရရေးအတွက်ပါးပါးကိုမုန့်တေနဲ့လဲလာဘ်ထိုးတတ်သေးသည်။ဘာဆိုင်လဲမမေးနဲ့ ဒယ်ဒီကပါးပါးစကားပဲလူရာဝင်တယ်ထင်တာ။"ပါးပါး နေကောင်းတယ်နော်"
"အင်း ကောင်းပါတယ် သွေးကအပေါ်ထပ်မှာ"
"ဟုတ် ကျနော်သွားလိုက်မယ်နော် ဒီမှာပါးပါးအတွက်မုန့်တေဝယ်လာတယ်"
"ဒုက္ခရှာလို့ မလိုပါဘူး"
"ယူပါ ပါးပါးရယ် ပါးပါးကအသက်ကိုမွေးပေးခဲ့တာနဲ့တင်ကျနော့်ရဲ့အဖိုးဖြတ်မရတဲ့ဖခင်တစ်ယောက်ဖြစ်နေပါပီ ပါးပါးကစိတ်ထားလေးကလဲဖြူစင်လူလေးကလဲချောလိုက်တာမှနတ်သားလေးကျနေတာပဲ"
"ဟိုကောင်!ငါ့ယောက်ျားကိုဘာမှလိုက်ဖားမနေနဲ့ အခုချက်ချင်းငါ့အရုပ်လေးနားကခွာစမ်း!"
လှေကားပေါ်ကဆင်လာတဲ့ရောင်နီကလူအရင်မရောက်သေးအသံကအရင်ရောက်နေပီ။
"မောင်ကလဲ ကလေးကို"
"ဘာကလေးလဲ အဲ့ရုပ်ကကလေးလား အဲ့ကလေးကောင်ကကိုယ်တို့သားကိုတက်အုပ်ဖို့ချောင်းနေတာ"
"မောင်!"
"ဒါကတော့ဗျာ တဏှာမျက်လုံးနဲ့ကြည့်ရင်တဏှာပုံရိပ်ပဲပေါ်မှာပေါ့"
"ဒီကောင်!!!"
ထိုးရန်လက်ရွယ်လာတဲ့ရောင်နီကြောင့်လွမ်းအမြန်ဆွဲလိုက်ကာ..
"မောင်!မလုပ်ပါနဲ့ သားရာဇာအပေါ်တက်တော့"
"ဟုတ်ပါးပါး"
"အရုပ်လေး မောင့်ကိုလွှတ် အဲ့ကောင်ကိုအမွှေးနှုတ်ပစ်မယ်!"
"နောက်မှနှုတ်ပါမောင်ရယ် လာပါ လွမ်းဗိုက်ဆာပီ"
"ဟင့် အရုပ်လေးမျက်နှာကြောင့်သာကြည့်နေတာ တစ်စက်မှအချိုးမပြေဘူး"
"စိတ်လျှော့ပါမောင်ရယ်"
လွမ်းချော့မော့ပြောတော့မှစိတ်လျှော့လိုက်တဲ့မောင်ကတချက်ချက်နှုတ်ခမ်းကစူထွက်လာသေးသည်။
YOU ARE READING
Love System (Completed)
Non-FictionLGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... LGBTဖခင်နှစ်ယောက်မှမွေးဖွားခဲ့တဲ့လွမ်းသွေးငယ်ဟာမတော်တဆတစ်ခုမှsystemနဲ့ချိတ်ဆက်မိတဲ့အခါ.... Start date -8.6.2022 End date -15.7.2022