real life

10.1K 710 7
                                    

<Unicode>
စန္ဒယားသံလေးပြန့်လွင့်လာသည်နှင့် သတို့သားလေးကသူ့ဖခင်လက်မောင်းကိုချိတ်ကာ စင်ပေါ်ကသတို့သားဆီတလှမ်းချင်းလျှောက်လာလေသည်။အဖြူရောင်ဝတ်စုံလေးနဲ့လှချင်တိုင်းလှနေတဲ့ ချစ်ရသူလေးအား ပီတိမျက်ရည်များဝဲကာကြည့်နေတဲ့ ရာဇာ။

စင်ပေါ်ရောက်တော့ ဖခင်ဖြစ်သူကသူ့ရဲ့သားကို သတို့သားလက်ထဲထည့်ပေးကာအပ်နှံလိုက်တယ်။

"ငါ့သားကိုပျော်အောင်ထား"

"စိတ်ချပါဒယ်ဒီ ကျနော်အသက်နဲ့ရင်းပီးကတိပေးပါတယ်"

ရောင်နီစင်ပေါ်ကဆင်းကာလွမ်းဘေးတွင်ဝင်ထိုင်လိုက်သည်။ဘေးခုံတွင်အဂူးတို့လင်လင်ရယ် bunnyတို့အတွဲပါထိုင်နေကြသည်။

"မောင်လွမ်းသွေးငယ်က ဒီကမောင်ရက်ရာဇာကိုတသက်လုံးချစ်ခင်စုံမက်သွားမည်လား"

"ဟုတ်ကဲ့"

"ဒီကမောင်ရက်ရာဇာကရော ဒီကမောင်လွမ်းသွေးငယ်အပေါ်သစ္စာရှိရှိနဲ့ချစ်ခင်မည်လား"

"ဟုတ်ကဲ့"

တစ်ယောက်လက်ကိုတစ်ယောက်ကြင်ကြင်နာနာကိုင်ကာသစ္စာဆိုနေကြတဲ့သားဖြစ်သူကိုကြည့်ကာ..

"သားလေးတောင်အရွယ်ရောက်လာပီပဲ ဒီလောက်မြန်မြန်ကြီးအရွယ်ရောက်လာတာ သတိမထားမိခဲ့ဘူး"

"စိတ်မကောင်းဖြစ်နေတာလား အရုပ်လေး"

"ကိုယ်မွေးထားတဲ့ကလေးဆိုတော့ သံယောဇဉ်ကြီးမိတာပါ"

"အရုပ်လေးစိတ်မချမ်းမသာဖြစ်တယ်ဆိုရင် ကိုယ်ဒီပွဲကိုဖျက်ပေးမယ်လေ"

"ဟာ!ပေါက်ကရမောင်ရယ်"

"အဲ့တာဆိုအရုပ်လေးကဝမ်းနည်းမနေနဲ့လေ မောင်ကအရုပ်လေးဝမ်းနည်းနေရင်မခံစားနိုင်ဘူး အရုပ်လေးပျော်နေတာပဲမြင်ချင်တာသိရဲ့သားနဲ့ကို"

"မောင်"

"ဟင်"

"အချစ်တေမလျော့သွားလို့ကျေးဇူးပါ"

"အနောက်ဘက်ကသာနေထွက်ချင်ထွက်လိမ့်ယ် အရုပ်လေးအပေါ်မောင့်အချစ်တေကတော့ဘယ်တော့မှလျော့မသွားဘူး"

Love System (Completed)Where stories live. Discover now