ယွီအာ(Arc -2.3)

20.3K 1.2K 4
                                        

<Unicode>
"ရပီလား ဒီလောက်ဆို"

"ရပီ ရပီ"

"အသက်ကဆေးပညာတတ်ကျွမ်းတာလား"

"မဟုတ်ပါဘူး အဆိပ်ပညာတတ်တာ အဆိပ်ပညာလေ့လာရင်းဖြေဆေးကိုပါတွဲလေ့လာရတာလေ"

"အော် အချိန်အားရင်ကိုယ့်ကိုလဲသင်ပြပါလား"

"ရတာပေါ့ ဒီပန်းဆိုအပွင့်သေးပေမယ့် ဘယ်မြွေဆပ်မဆိုဖြေနိုင်တယ် #$#&$&*$$^#@&^$^"

ယွီအာကလက်ထဲကပန်းတေတပွင့်ချင်းဆီကိုထုတ်ပြကာသူသိတာတေပြောပြနေသည်။လုဟန်ကလဲသူ့ရှေ့မှာစိတ်ဝင်တစားရှင်းပြနေတဲ့မိဖုရာလေးကိုကြည့်ကာအသည်းယားနေမိသည်။ဒီလောက်ချစ်ဖို့ကောင်းတဲ့သူလေးကိုဘာလို့များမောက်မာတယ်ပြောနေကြတာပါလိမ့်။

"ကိုယ့်အသက်ကြားမိလား နန်းတွင်းထဲကကောလဟာလတေကိုလေ"

"ကျနော်ကမောက်မာတယ်ဆိုတာကိုလား"

"အင်း"

"မောက်မာတယ်လဲ မဟုတ်ပေမယ့် ယဉ်ကျေးတယ်လဲမဟုတ်ဘူး အရင်ကအရင်သက်သက် အခုကအခု အရင်ကဆိုးပေမယ့်အခုကကိုကိုဆုံးမရင်လိမ်မာမယ့်သူပါ ဟီးး"

"ဘယ်လို!"

"ကိုကိုဆုံးမရင်လိမ်မာပါ့မယ်လို့ လုဟန်ကိုကိုကယွီအာကိုဆုံးမပေးပေါ့ နော်"

"အသက် မင်းလေးကပြုစားလွန်းတယ်"

>>>>>>

"မိဖုရားကိုဂါရဝပြုပါတယ်"

"အာ ကိုယ်လုပ်တော်ဖန် လာလည်တာလား ထိုင်ပါအုံး ဒီမှာမင်းကြီးကတဖက်နိုင်ငံကလက်ဖက်ခြောက်တစ်ချို့ဝယ်လာတယ် အရမ်းသောက်လို့ကောင်းတာ"

လက်ဖက်ရည်ခွက်ကိုဖန်ချင်ရှေ့ကိုတိုးပေးတော့ဖန်ချင်ကလက်ကိုလှမ်းပုတ်လိုက်တာကြောင့်လက်ဖက်ရည်ခွက်ဟာမှောက်သွားပီးဖန်ချင်ပေါ်သို့ဖိတ်ချကုန်သည်။

"အား ပူလိုက်တာ အဟင့် မိဖုရားကဖန်ချင်ကိုကြည့်မရဘူးဆိုတာသိပါတယ် အခုလိုတော့အနိုင်မကျင့်သင့်ပါဘူး"

ဘေးနားကအစေခံများကလဲမိဖုရားယွီကသူ့အကျင့်အတိုင်းအနိုင်ကျင့်နေသည်ပဲထင်နေကြသည်။

Love System (Completed)Место, где живут истории. Откройте их для себя