real life

13K 904 26
                                    

<Unicode>
"ဒါပေမယ့် အခုတော့ကိုယ့်မှာအားလုံးရှိသွားပီ ကိုအသက်ကိုတင့်တောင်းတင့်တယ်ထားနိုင်ဖို့ ကိုယ့်မှာနေရာတစ်ခုရှိနေပီ အဲ့ဒါကြောင့်ကိုယ့်ကိုလက်ထပ်ပါနော်အသက်"

လွမ်းသွေးပျော်လွန်းလို့မျက်ရည်တောင်ဝဲမိသည်အထိပင်။ဒီလူကသူ့အနားမှာအချိန်တိုင်းရှိနေပါရက်နဲ့သူမသိခဲ့ဘူး။

"ဟုတ် အသက်လက်ခံပါတယ်"

"ငါလက်မခံဘူး!!"

"မောင်"

"ဒယ်ဒီ ဘာလို့လဲ"

"ဘာလို့လဲ?အဲ့မေးခွန်းကိုငါကမေးရမှာ အခုမှတွေ့ဖူးတဲ့သူကိုချက်ချင်းလက်ထပ်ချင်ရအောင်မင်းကိုမင်း 'အယ်နာ' များမှတ်နေတာလား မင်းသိပါတယ် 'အယ်နာ' ကအခုမှတွေ့ဖူးတဲ့သူကိုသူချွေတဲ့စကားလုံးတေကိုပစ်ကျွေပီးလက်ထပ်ဖို့လုပ်တာနောက်ဆုံးဘာဖြစ်လဲ အဲ့ကောင်ကသူ့ကိုသတ်ပစ်ဖို့အထိတောင်လုပ်တာလေ"

"မောင်!ကလေးကလားနဲ့ ဘာလို့ကာတွန်းကားအကြောင်းထပြောတာလဲ"

"မောင်ကအနီးစပ်ဆုံးရှင်းပြတာပါ အရုပ်လေးနဲ့အဂူးနေ့တိုင်းကြည့်နေတော့မောင်လဲအလွတ်ရနေတာ အခုကြည့်အရုပ်လေးသားကအခုမှတွေ့ဖူးတာတစ်မိနစ်ပဲရှိသေးတဲ့သူစကားကိုယုံပီးလက်ထပ်မယ်တဲ့လေ"

"သားတို့ကအခုမှတွေ့တာမဟုတ်ပါဘူး သားသတိရတဲ့နေ့ကသူနဲ့တစ်ခေါက်တွေ့ဖူးသေးတယ်"

"ငါ!တယ်! လုပ်လိုက်ရ စကားကိုကပ်မပြောနဲ့လွမ်းသွေးငယ် ဒီကောင်ကဘယ်ကလဲဘာအလုပ်လုပ်လဲမိဘတေရော ဘာဆိုဘာမှမသိပဲငါတို့ကဘယ်လိုလက်ခံရမှာလဲ"

"ကျနော်ကမော်လမြိုင်မှာနေပါတယ် အလုပ်ကတော့ကျောက်ကုန်သည်မှာ မိဘတေကတော့မရှိတော့ပါဘူး"

"ငါမင်းကိုမမေးဘူး ပါးစပ်ပိတ်ထားစမ်း!"

"ဟုတ်ကဲ့ဒယ်ဒီ"

"ငါ့ကိုအဲ့လိုမခေါ်နဲ့!ငါမင်းအဖေမဟုတ်ဘူး"

"အသက်အဖေကကျနော့်အဖေပါပဲ"

"ဒီကောင်တော့ ငါထိုးမိတော့မယ်!"

"မောင်စိတ်လျှော့ပါ"

Love System (Completed)Where stories live. Discover now